သူတို့ ၉တန်းရောက်ပြီဆိုတော့ Study အချိန်က အရင်လိုအဆောင်ဟောင်းမှာမဟုတ်တော့ပဲ စာသင်ဆောင်မှာပဲဖြစ်သွားတာမို့ ညစာစားပြီးတာနဲ့ ၇ နာရီဆို စာသင်ဆောင်ကူးရတော့သည်...
ကလောင်...ကလောင်..ကလောင်..
"မိုးစက်နဲ့ဝသန် ငါတို့ သွားနှင့်ပြီနော်...မြန်မြန်ဆင်းလာခဲ့"
"အင်း...သွားနှင့်..လိုက်ခဲ့မယ်.."
"ဝသန် ဒီည ဘာကျက်မှာလဲ ဘာစာအုပ်ထည့်ရမလဲ"
"Bio စာအုပ်တော့ပါအောင်ယူခဲ့လေ ပိုင်..."
"အိုခေ.." ဆိုပြီး မိုးစက်စာအုပ်ထည့်ပြီး သူတို့နှစ်ယောက်အောက်ဆင်းသွားလိုက်တော့ စာသင်ဆောင်တောင်ကူးနေကြပြီမို့ မနည်းပြေးလိုက်ရသည်...
စာသင်ဆောင်ထဲရောက်တော့ သူတို့ခုန်မှာ သူတို့ ဝင်ထိုင်ကာ.."ပိုင်...ဘယ်ဟာနားမလည်ဘူးလဲပြော. "
"ခနနေပါဦးကွာ. ခုမှရောက်တဲ့ဟာကို..ချက်ချင်းကြီးစာလုပ်တော့မလို့လား..."
"အင်းလေ မြန်မြန်လုပ်တော့ တစ်ခြားဘာသာတွေလည်း လုပ်ဖို့ အချိန်ရှိတာပေါ့.."
"အေးပါကွာ...ရေလေးတော့ သောက်မယ်နော် ခုနက ပြေးလာရတာတော်တော်မောတယ်ကွ.."
"အင်း.."
"ရပြီ...ဘာနားမလည်တာလဲဆိုတော့ အကုန်ပဲ🙄"
"အမ်...🤣🤣 အေးပါ..အေးပါ..လာငါရှင်းပြပြီးအတူတူကျက်ပေးမယ်နော်.."
"ဟုတ်ကဲ့..."
"ဟား..😂ပိုင်ရယ် အဲ့လောက်ယဥ်ကျေးစရာမလိုပါဘူး ချစ်စရာကောင်းအောင်" ဆိုပြီး မိုးစက်ရဲ့ ဆံပင်လေးတွေကို ဖွပြီး ပြောနေသော ဝသန့်ကြောင့်
"အမ်..ဒီမှာ..ဝသန် ငါက ချစ်စရာကောင်းတာမဟုတ်ဘူး ချောတာကွ😎"
"အမ်..ဟုတ်ပါပြီ..ချောပါတယ်..ဟုတ်ပြီလား..လာစာကြည့်တော့" ဆိုကာ..ဝသန်က မိုးစက်နားမလည်တာတွေ ရှင်းပြလိုက် ဝိုင်းကျက်ပေးလိုက်နဲ့ အဆင်ကိုပြေလို့...
"သော်ခ မင်းရော ဝသန့်လို ငါ့ကို စာရှင်းပြပြီးအတူတူစာမကျက်ချင်ဘူးလား..ဟိုနှစ်ယောက်ကြည့်စမ်း အဆင်ကိုပြေနေတာပဲ" ဆိုပြီး ခွန်းသတစ်ယောက် သော်ခ နားကပ်ကာ တိုးတိုးလေးပြောလိုက်တာကြောင့်
"မင်းလို Hyper ကိုငါက ဘာလို့ စာရှင်းပြရမှာလဲ ဝေးဝေးနေစမ်း..ငါစာကျက်မလို့""ဟွန့် မင်းကလည်း..😒😒" ဆိုပြီး မျက်နှာငယ်လေးလုပ်ပြကာ ဟိုဘက်တိုးသွားပြီး စာကျက်နေသော ခွန်းသအား သော်ခ မနိုင်ဘူးဆိုတဲ့ အထာနဲ့ ခေါင်းသာ ခါပြီး စာပြန်ကျက်နေလိုက်သည်...
ခနနေတော့ မိုးစက်တို့ Bio ကျက်တာပြီးသွားတာကြောင့် သင်္ချာ Exercise တွေတွက်ရန်လုပ်နေတုန်း..အနောက်ဘက်မှ..