ရေစီးက ငြင်သာတဲ့ စမ်းချောင်းလေးနားမှာ
ရှောင်းကျန့်က ထိုင်နေပြီး ရေစီးထဲပါလာတဲ့
သစ်ရွက်လေးတွေကို ကြည့်နေသည်။
ရေစီးထဲက သစ်ရွက်လေးတွေလိုပဲ
သူလဲ ဦးတည်ရာမရှိ။ဆရာဖြစ်သူပေးထားတဲ့ ဓားကို
ဓားအိမ်ထဲက ထုတ်လိုက်တော့
ဓားရဲ့ငွေရောင်က နေရောင်ခြည်နဲ့ထိတွေ့ပြီး
တလက်လက်တောက်ပနေသည်။
* ဒီဓားကို ဘယ်နေရာမှာသုံးရမှာလဲ *
ဟုပြောလိုက်ရင်း ဆရာ့ရဲ့ စကားသံကိုပြန်ကြားယောင်
လာသည်။" ဒီဓားကို အသက်အန္တာရယ် ကြုံလာမှထုတ်သုံး
ဓားကို ထိန်းချုပ်ဖို့ခက်တယ်"ဆရာ့ရဲ့ စကားကို သူနားမလည်ပါဘူး။
အဲ့အချိန်တုန်းကလဲ အလျင်စလိုနဲ့ နန်းတော်ထဲက
အမြန်ထွက်လာရခြင်းကြောင့် ဆရာ့ကိုသေချာပြန်မမေးရလိုက်ပေ။
ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်ပြီး
ထိုင်နေရာမှ မတ်တပ်ရပ်လိုက်သည်။" ရှောင်းကျန့် မင်းက ဒီကိုရောက်နေတာပဲ"
နောက်ကိုလှည်ကြည့်လိုက်တော့ ရိပေါ်က
လုံလုံ့ကို ပခုံးမှာတင်ထားလျက်။" အင်း...ဒီနားက အေးလို့"
" သြော် ဒီမှာနေအုံးမလား ငါတို့အိမ်ပြန်မလို့"
" မနေတော့ဘူး "
" အင်း ဒါဆိုပြန်ကြမယ်"
ဘေးချင်းကပ်လျက်လျောက်နေတဲ့ ရိပေါ်ဘက်ကို
ကြည့်လိုက်တော့ နဖူးမှာချွေးတွေတောင်စို့နေသည်။
အင်း...ကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ပခုံးပေါ်တင်ထားရတော့ ပင်ပန်းမှာပဲ။
ကလေးက ဝတော့ ပိုပင်ပန်းနေတယ်ထင်ပါတယ်။" ဟိုကလေးကို ငါတစ်လှည့် သယ်ပေးမယ်လေ"
" ရတယ် ကလေးတစ်ယောက်တော့ နိုင်ပါတယ်
ဒါနဲ့ မင်းသိလား....
ငါနဲ့အတူလမ်းလျောက်ဖူးတဲ့သူတွေက
ငါ့ထက်ခြေလှမ်းမြန်တဲ့သူတွေနဲ့ ငါ့ထက်ခြေလှမ်းနှေးတဲ့သူတွေပဲ
ငါက အဲ့လိုမျိုးဆို စိတ်ထဲကနေကို သဘောမကျတာ
မင်းကတော့ ငါနဲ့ခြေလှမ်းချင်းအတူတူပဲ
အဲ့ဒါမလို့ ငါအရမ်းသဘောကျတယ်""ဟမ်...."
" ဟင် ...ဘာကိုအံသြတာလဲ.
ငါသဘောကျတယ်ဆိုတာ မင်းရဲ့ခြေလှမ်း လှမ်းတာကိုပြောတာ"
