မိုးစက်တို့ Study ချိန်ပြီးတော့ အဆောင်ကို ပြန်လာကာ ဘုရားရှိခိုးပြီး မျက်နှာသစ် သွားတိုက်လုပ်ကာ..အခန်းထဲ လေးယောက်သား ပြန်ဝင်လာကြသည်..
"ငါအိပ်တော့မယ်နော် Good Night" လို့ သော်ခ က ပြောတော့
"အင်း Good Night " ဆိုပြီး သူတို့ သုံးယောက်ပြန်ပြောလိုက်ကြသည်..
"မိုးစက် ဘာတွေ ထုတ်နေတာလဲ" လို့ ခွန်းသအမေးကြောင့်
"မနက်ကျရင် ကာယရှိတယ်ဆို မနှစ်က ကာယအင်္ကျီဝတ်မလို့"
"ဟမ်...မနက်မှ ဝတ်လေ အခုဝတ်မလို့လား"
"အင်း မနက်ကျရင် အစောကြီးမထချင်ဘူး အခုထဲက ကြိုဝတ်ထားလိုက်ရင် မနက်ကျ အေးဆေးထလို့ရပြီ😎"
"အေးပါကွာ...😑"
"အင်း..အိပ်တော့ အိပ်တော့"
လို့မိုးစက်ပြောလိုက်တော့ ခွန်းသက ခေါင်းညိမ့်ပြပြီး ကုတင်ပေါ်လှဲကာ သော်ခဘက်လှည့်သွားသည်..
မိုးစက် အင်္ကျီဝတ်ပြီး သွားတိုက်တံထဲသွားတိုက်ဆေးထည့် တစ်ရှူးလေးတစ်ရွက်ထုတ်ပြီး ဘီဒိုပေါ်တင်ကာ အိပ်မလို့ အလှည့်"အမလေး...ဝသန် မအိပ်သေးဘူးလား 😑"
"အင်း..မင်းလုပ်နေတာတွေကြည့်ချင်လို့"
"အမ်...မင်းရော လုပ်မလို့လား တစ်ခါထဲလုပ်ထားလေ အဲ့ဒါဆို နာရီဝတ်လောက်တော့ ပိုအိပ်လို့ရတယ်ကွ..."
"တော်ပါပြီ ပိုင်ရယ် မင်းပဲအိပ်ပါ 🤣🤣 သြော် ဖိနပ်ရော ကြိုဝတ်မထားဘူးလား"
"ဟီး...ဖိနပ်က ဝတ်ချင်ပေမယ့် ငါမအိပ်တတ်လို့ ခြေအိပ်ပဲဝတ်ထားတာ မနက်ကျရင် သွားခံနီးမှ ဖိနပ်ကောက်ဝတ် ပြီး မျက်နှာသွားသစ်ရင် ကွက်တိပဲလေ🙄"
"ဟား..ဟား..ဟုတ်ပါပြီကွာ..မင်းက မနှစ်ကအဲ့လိုမလုပ်ပါဘူး ဒီနှစ်မှ ဘယ်လိုစိတ်ကူးပေါက်ပြီး..."
"သြော်..မနှစ်က အဲ့လိုမစဉ်းစားမိဘူးကွာ..တုံးလိုက်လေခြင်း တစ်နှစ်လုံး အစောကြီးထပြီးပြာရာခက်လိုက်ရတယ် ဒီနှစ်တော့ မရတော့ဘူး ငါနည်းတွေ့သွားပြီ 😎"
"🤣🤣 ဟုတ်ပါပြီ...အိပ်တော့.."
"အင်း..မင်းလည်းအိပ်တော့လေ...Good Night"
"Good Night ပိုင်.."
😴😴😴😣😣😣
At 05:00 AM
ကလောင်...ကလောင်...ကလောင်..
"အင်း......" ဆိုပြီး ခွန်းသနိုးလာကာ
"သော်ခ..သော်ခ...ထတော့ ခေါင်းလောင်းတီးနေပြီ"
"ဟမ်..ထပြီ...ထပြီ" ဆိုပြီး သော်ခ ကုန်ထတော့မှ မိုးစက်တို့ကို နှိုးရန် လှည့်ကြည့်လိုက်တော့ ဝသန်က နိုးနေပြီမို့ မိုးစက်ကို နှိုးရန် ပြင်နေတုန်း
"ခွန်းသ ပိုင့်ကို မနှိုးနဲ့ဦး သွားခံနီး ခေါင်းလောင်းတီးမှ နှိုးမယ် သူက အားလုံးပြင်ဆင်ပြီးနေပြီ" ဆိုပြီး မိုးစက်ပြင်ထားတာတွေကို မျက်စပစ်ပြတာကြောင့် ခွန်းသ ကြည့်လိုက်တော့