ep9

456 61 34
                                    

#Unicode

ရဲတင်းလှစွာ ကျွန်တော့်ကို
သေနတ်နဲ့ချိန်ထားတဲ့ ၊ဘေးက
စက်ဆုပ်စရာမျက်နှာကို မြင်ရ
အောင် သေချာလှည့်ကြည့်လိုက်
တော့ ၊သူချိန်ထားတဲ့ သေနတ်နဲ့
ကျွန်တော့်မျက်နှာ ကြားမှာ
အကွာအဝေးမခြားတော့ဘဲ
ထိပ်တိုက်ဖြစ်လို့သွားသည် ။

" ပတ်ဂျီမင် ဘယ်မှာလဲ .."

သိပ်မပီသချင်ပေမယ့် ထွက်လာ
တဲ့လေသံက အဖြောင့်ပေမို့ ၊
ဂျယ်ဝန်း မျက်ခုံးတစ်ချက်ပင့်ရင်း
ခပ်ဖွဖွ ပြုံးမိ၏။ဒီခွေးကောင်က
ကိုရီးယားလူမျိုးပါလား ?

" သေသင့်တဲ့ မျိုးမစစ်ကောင် ~ "

ဂျယ်ဝန်း မျက်နှာရှေ့က သေနတ်
ကို ဆက်ခနဲဆွဲလုလိုက်ကာ ၊
အပြန်အလှန်ဖြစ်အောင် အိုင်းရစ်
ရဲ့ မျက်နှာတည့်တည့်ကို သေနတ်နဲ့
ပြန်ချိန်လိုက်သည် ။

လျင်မြန်လွန်းတဲ့အမြန်နှုန်းကြောင့်
ဘာတွေဖြစ်သွားမှန်းမသိတဲ့
အိုင်းရစ်ခမျာ၊လက်ထဲကိုင်ထားခဲ့
သည့် သေနတ် လုခြင်းခံလိုက်ရ
ပေမယ့် ၊ပြန်မလုပ်ရဲဘဲ အံကြိတ်ပြီး
နှုတ်ခမ်းတင်းတင်းစေ့ထားရုံသာ
တတ်နိုင်သည် ။အဘယ့်ကြောင့်
ဆိုသော် ရှေ့က အရူး​ကောင်က
သူ့နဖူးကို သေနတ်နဲ့ ချိန်ထားတာမို့။

" မင်း သေလိုက်တော့ .."

အချိန်ဆွဲမနေဘဲ မောင်းတင်လိုက်
တဲ့ ဂျယ်ဝန်းက ဤလူကို အတည်
သတ်ပစ်မယ့်ပုံ ။ပြာယာခက်သွား
သူက အိုင်းရစ်တစ်ယောက်တည်း
မဟုတ်ပါပေ ။အမှောင်ထဲကနေ
တိတ်တိတ်လေး လှမ်းကြည့်နေ
သည့် ဂျီမင် ပင် တံတွေးမြိုချမိ
လိုက်သည် ။

" ငါ မင်းနဲ့ ဘာရန်ညှိုးမှမရှိဘူး
ထင်တယ် !! ဒါကြောင့် .."

"မရှိဘူး ဟုတ်လား?? ဟက် !
ပတ်ဂျီမင်ကို ထိရင်တော့ ..
ငါက ဘဝအဆက်ဆက် မင်းကို
လိုက်သက်နေမယ့် ကောင်ပဲ "

" ဘာ !!! မင်းး "

ဂျယ်ဝန်းရဲ့ မထီမဲ့မြင် စကားကို
ကြားပြီး၊မျက်လုံးပြူး၊မျက်ဆံပြူးနဲ့
ထိတ်လန့်သွားတဲ့ အိုင်းရစ်မှာ
မျက်နှာပင် ပြာနှမ်းလာလေပြီ ။
ဂျယ်ဝန်း၏လက်ညှိုးလေးအပေါ်
မူတည်နေသည့် သူ့အသက်ကိုသူ
အိုင်းရစ် စိတ်ပူလာသည်။

M A R I P O S A { Completed }Where stories live. Discover now