Unicode
တက္ကသိုလ်ဝင်း ကျောင်းသားရေးရာအဆောင်၏ မော်ကွန်းထိန်းရုံးခန်းထဲတွင် ဇေသူရိန်တစ်ယောက် အသက်တောင်ခပ်ပြင်းပြင်းမရှူရဲရလောက်အောင် ဖြစ်ရသည့်အကြောင်းအရင်းက အရှေ့မှာရှိတဲ့ပါမောက္ခချုပ်ကြောင့်လည်းမဟုတ်သလို ဋ္ဌာနမှူးကြောင့်လည်းမဟုတ်ပါ။ အကြောင်းက ပါမောက္ခချုပ်နှင့် စကားပြောနေသည့် သက်ဆိုင်သူကြောင့်ဖြစ်သည်။
ဇေသူရိန်ရှာထားတဲ့ပြသနာက ရန်ဖြစ်တာ။ နေ့လည်ဘက် canteen မှာ ထိုင်နေတုန်း နေရင်းထိုင်းရင်း ရန်စခံလိုက်ရတာကြောင့် ဇေသူရိန်တို့ သူငယ်ချင်း သုံးယောက်နှင့် ဟိုဘက်က လေးယောက် ရန်ဖြစ်ကြသည်။ ဘေးလူတွေဝင်ဆွဲရင်း ဆရာတွေပါရောက်လာတာကြောင့် ပွန်းပဲ့တာကလွဲ ဘယ်သူမှ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားမရပေမယ့် ကျောင်းတွင်းရန်ဖြစ်တဲ့ပုဒ်မနှင့်အုပ်ထိန်းသူခေါ်ခံလိုက်ရသည်။
ရုံးခန်းရောက်မှသိလိုက်ရတာက ဇေသူရိန်တို့နဲ့တလောကမှခင်တဲ့ second year queen ကြောင့်ရန်လာစကြသည်တဲ့။ second year queen ဖြစ်တဲ့ ယွန်းနဒီဖူး ကို ရည်းစားစကားသွားပြောတော့ မကြိုက်လို့ပြန်ငြင်းတာရိုးရိုးမငြင်းပဲ *ငါသဘောကျတဲ့သူက သပ်သပ်ရှိတယ်။ အဲ့ဒါဇေသူရိန်*ဆိုတဲ့စကားပါထည့်ပြောလိုက်တာကြောင့် မကျေနပ်လို့ လာစိန်ခေါ်ပြီး canteen မှာ တစ်ပွဲတစ်လမ်းလာစမ်းပေမယ့် ပွဲကြီးပွဲကောင်းတော့မဖြစ်သွားလို့တော်သေးသည်။
တက္ကသိုလ်စတက်ကတည်းက အုပ်ထိန်းသူနေရာတွင် လက်မှတ်ထိုးထားသူက သူရိန့် သက်ဆိုင်သူ ကိုယ်တိုင်ဖြစ်နေမှန်း သတိရမိတော့ သူရိန်တစ်ယောက် ဒီရန်ပွဲကနေရှောင်ထွက်မသွားမိခြင်းကိုနောင်တတောင်ရချင်ချင်ဖြစ်ရတော့သည်။ ဦးဝေကတော့ သူရိန့်ကို ကြိမ်းသေ စိတ်ဆိုးတော့မည်။
ထိုပြစ်မှုအတွက်ပြစ်ဒဏ်အနေနဲ့က ကျောင်းတစ်လ နားရမည်။ ဘယ်လိုပြစ်ဒဏ်ချချကိစ္စမရှိပေမယ့် ဒီတက္ကသိုလ်မှာထူးချွန်လွန်းတဲ့ ဆရာအဖြစ်နာမည်ကြီးခဲ့တဲ့ ဇေသူရိန်ရဲ့သက်ဆိုင်သူ ဦးဝေလင်းရှိန်က ပါမောက္ခ နှင့် စကားပြောနေသည်လေ။ ထိုသူကိုတော့ သူရိန် ကြောက်ရပါသည်။
YOU ARE READING
သက်ဆိုင်သူ (Unicode+Zawgyi)
General Fictionpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။