Spica☕❣(ထပ်ခါထပ်ခါဖတ်ဖြစ်သော💝)
17 stories
Zoe (ဇို) (Complete)  by Spica_s
Spica_s
  • WpView
    Reads 28,625
  • WpVote
    Votes 1,787
  • WpPart
    Parts 24
"နောင်တနဲ့အတူ ချစ်တက်လာတဲ့ နှလုံးသားက ဘာနဲ့မှ မတူအောင် နက်ရှိုင်းတယ်" သစ္စာဖောက်ခံရတဲ့သူထက် သစ္စာဖောက်တဲ့သူဘဝက ပိုသနားစရာကောင်းတယ်ဆိုတာ မသိကြဘူး သူတို့က ဦးနှောက် နဲ့ နှလုံးသား ကို အချိန်တိုင်း လွန်ဆွဲခိုင်းတယ် ငါမှားသွားလား နဲ့ ငါမှန်တယ် ဆို တဲ့ စိတ်နှစ်ခုခြား အမြဲတမ်း ဝေခွဲမရ ခံစားနေရတက်တယ်. 。☆✼★━━━━━━━━━━━━★✼☆。 " နှလုံးသားက တောင်းဆိုလာလို့ မေတ္တာရှိ တောင် တစ်ခုလပ်ဆိုတဲ့ ဘွဲ့က တားဆီး ကာရံပိတ်ပင် နေအုံးမှာပါ" ဘဝ မှာ စံချိန်တင်ရလောက်တဲ့ အချစ်မျိုး အရူးအမူးချစ်တက်တာတွေ ဂရုတစိုက် ချစ်တက်တာတွေထက် နည်းနည်းလေးနဲ့ ကြာကြာချစ်တာပဲ ခံချင်တယ်.. 。☆✼★━━━━━━━━━━━━★✼☆。 "ကို ကလွဲရင် တစ်လောကလုံးကို အလေးထားတယ် ချစ်တဲ့သူကို လက်ထပ်ချင်မိတာ ကို့အပြစ်လား " ရွေးချယ်ပြီးချစ်လို့မှ မရတာ... သူ့ဟာသူ ဖြစ်ပေါ်လာတဲ့ အချစ်စိတ်ကို တားဆီး
စွဲနေပြီ (Complete)  by Spica_s
Spica_s
  • WpView
    Reads 77,657
  • WpVote
    Votes 5,052
  • WpPart
    Parts 36
"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တော်တော်... ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလည်း စဉ်းစားကြည့်ပါဦး... သူက ငါ့မောင်အရင်းထက် ပိုဂရုစိုက်တာ မှန်ပေမဲ့ သူစိမ်း တစ်ယောက်ဆိုတာလည်း ထည့်ပြောလေ..." ↠↠↠↠↠↠↠↠↠ ပတ်ဝန်းကျင် ဆိုတာ တစ်ခါတလေ ပြောင်းလဲသွားတက်သည်။ အတွင်းရန်ကို ဘယ်သူမှမသိ အားနွဲ့သူကို ဖေးကူသူ မရှိ ဝေဖန် ပြောဆိုတဲ့ နေရာမှာတော့ အပိုအတိုးလေးတွေ ထပ်ပေါင်းခါ ရက်စက်တဲ့ ဓားသွားလို စကားလုံးတွေကို မရပ်မနား ပစ်လွှတ် ဖြန့်ဝေ တက်ကြသည်။ ↠↠↠↠↠↠↠↠↠ "နင်.ကြာင့်...ငါ့မောင် အခုလို ဖြစ်ရတာ...နင့်ကြောင့်..." "ရိုက်ပြန်ပြီ...ကိစ္စ တစ်ခုကို သေချာ မသိပဲ..ဘာဖြစ်လို့ အမြဲတမ်း လက်ပါနေတာ
ပိုင်ရှင် (Complete)  by Spica_s
Spica_s
  • WpView
    Reads 52,777
  • WpVote
    Votes 2,629
  • WpPart
    Parts 29
"ကိုယ် အထင်မကြီးခဲ့တဲ့ မိန်းကလေး တစ်ယောက်ကို ချစ်ပါတယ်လို့ ပြောရတာ ရှက်စရာကောင်းပါတယ် ဒေါက်တာရယ်.. နူးညံသိမ်မွေ့လွန်းတဲ့ အချစ်အကြောင်း မပြောခင် ကိုယ် မြတ်နိုးရတဲ့သူကို ဘယ်လို ပုံစံမျိုးနဲ့ အကြင်နာချစ်စကား ဖွင့်ပြောသင့်လည်းဆိုတာ အရင်သင်ခဲ့ပါအုံးရှင်" ♥♡♥♡♥♡♥♡♥♡♥♡♥ "ချစ်ပါတယ်ဆိုတဲ့ စကားကို အချိန်အတိုင်းအတာ တစ်ခုစောင့်ပြီး ဖွင့်ပြောရတာ လွယ်တယ်ထင်နေသလား ကိုယ် အများကြီး ထိန်းချူပ်မြိုသိပ်ခဲ့ရတယ်... ဘာကြောင့် လည်း သိလား... ကိုယ့်အချစ်တွေက တစ်ဘဝလုံး အတွက်ရည်ရွယ်ခဲ့တာပါ..ကိုယ့် ချစ်သူကို ထာဝရ ပိုင်ဆိုင်ချင်လို့ပါကွာ..." ■□■□■□■□■□■□■□■ "ဟိုး....စတော့ပ်...ဘယ်လိုဖြစ်တာလည်း ခယ်အိုရဲ့... တမင်ရှောင်နေသလိုပဲနော်..... ခယ်မလေး က ခဲအိုကို စကားပြောချင်လို့ ထွက်မျှော်နေရတယ်ဆိုတာ သိပ်တော့ အမြင် မကောင်းဘူးမလား အဟက်.." ♥♡♥♡♥♡♥♡♥♡♥♡♥ "ဒ
မုန်းပါနဲ့ဦး (Complete) by Spica_s
Spica_s
  • WpView
    Reads 60,494
  • WpVote
    Votes 3,104
  • WpPart
    Parts 34
"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိရတယ်...ချစ်ချင်တိုင်း ချစ်လို့မရဘူး.... ဆန္ဒကို အသိ နဲ့ ထိန်းတက်ရတယ် .." ✧༺♥༻∞  ∞༺♥༻✧ တဖွဖွ ပြောပြီး ချစ်ဖို့ မကြိုးစားချင်ဘူး...ဘယ်လောက် အထိ ချစ်လည်း မပြောပဲ နဲ့ သိနေအောင်ကို ချစ်ပြချင်တယ်... သူ့အတွက် တိုးတက်ကောင်းမွန်မဲ့ အရာ မျိုးတွေကိုပဲ ဖန်တီးပေးချင်တယ်... သူ့ ဘဝကောင်းဖို့အတွက် ဆိုရင် အပြုံးတွေကို ဖုံးဖိထားပြီး ခက်ထန်မာကျော မှုတွေကိုပဲ ပေးသင့်ရင် ပေးရမယ်..သူပျော်ရွှင်ဖို့ဆိုရင် နာကျင်နေရလည်း ဖြစ်တယ်..မနေချင်တော့တဲ့ တစ်နေ့ ရင်ခွင်ကို ခြေစုံကန်ပြီး ထွက်သွားတောင် ခွင့်လွှတ်တက်ဖို့ အဆင်သင့်ပြင်ထားတယ်.....ပေးချင်ခဲ့တဲ့ အချစ်က သူ့ တစ်ဘ၀လုံး အတွက် ပြီးပြည့်စုံတဲ့ အချစ်...။ ✧༺♥༻∞
လေးညှို့ရှင်  by Spica_s
Spica_s
  • WpView
    Reads 11,818
  • WpVote
    Votes 933
  • WpPart
    Parts 38
━━━━━━♡♤♡━━━━━━ "ကျွန်တော့်ရဲ့ စိတ်တွေကို အကြိမ်ကြိမ် ထိန်းသိမ်းနေပေမဲ့....ခင်ဗျား ကိုပဲ တွေးနေမိအောင် ဘာတွေ နဲ့ ပြုစားလိုက်တာလဲ...ကျေးဇူးပြုပြီး လွတ်မြောက်ခွင့်ပေးပါ.." မိန်းမ တစ်ယောက် ကြိုးကိုင်ထားတဲ့ ဘ၀မှာ ကျေနပ်ကြည်ဖြူ ပြီး စိတ်ရောကိုယ်ပါ ခခယယ ချစ်မိမယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး။ ကိုယ်ချစ်တဲ့သူ အနားမှာနေပြီး ယုယ ကြင်နာ ချင်တာ နှလုံးသား တောင့်တမှု တစ်ခုပဲ။ ကျွန်တော် ကတော့ ဘယ်လောက်ဝေးဝေး ခင်ဗျားရဲ့ မျက်နှာ မြင်ရရုံ၊ အသံကြားရရုံနဲ့ ကျေနပ် ရောင့်ရဲ တက်နေပြီ..။ ဒါက ခင်ဗျား လို မိန်းမ ကို ချစ်ခွင့်ရတဲ့ အချစ်မျိုးပဲလေ..။ ဘာများ တက်နိုင်ဦးမှာလဲ..။ ━━━━━━♡♤♡━━━━━━ " ငါ့ကို မုန်းလွန်းလို့ သတ်ပစ်ဦးမယ်ဆို....အဟက်...အခု ဘာတွေ စိတ်ကူးယဉ်နေတာလဲ....အိပ်မက်က ထစမ်းပါ...." သနားစရာ ကောင်လေး..။ တိုက်ပွဲ တစ်ခုမှာ မြေစာပင် ဖြစ်ခဲ့ရုံက လွဲလ
Bitter Love (Complete) by Spica_s
Spica_s
  • WpView
    Reads 35,969
  • WpVote
    Votes 1,550
  • WpPart
    Parts 27
Zi ပြောင်းလဲချင်တိုင်း ပြောင်းလဲပေးရအောင် ကိုယ်က သူ့အတွက် ကစားစရာလား Zi ဆိုတာ ဘယ်လိုလည်း သိဖို့လိုနေပြီ..မမ်" မမ် တကယ့် မေတ္တာ စစ် နဲ့ စေတနာ က လူတစ်ယောက်ကို ပြောင်းလဲနိုင်တယ်" အချစ်ဆိုတာ ကို ကစားစရာ လို့ ယုံကြည်ထားတဲ့...ရုပ်ချောပြီး..ပွေရှုပ်တက်တဲ့ ကောင်လေး..zi တည်ငြိမ် အေးချမ်းမှု ကို မြတ်နိုးပြီး ငြိမ်းချမ်းစွာနေထိုင်ဖို့ပဲ ကြိုးစား နေတက်တဲ့..မမ်...
လှိုင်းလိုလူ (Complete)  by Spica_s
Spica_s
  • WpView
    Reads 62,755
  • WpVote
    Votes 3,379
  • WpPart
    Parts 40
"နင်ကလည်း ဟာ...ဒီလောက် အထိ မစဉ်းစားမဆင်ခြင် အထိမခံတာတော့ ငါ စိတ်ပျက်လာပြီ...သူ့ဘက် ကိုယ့်ဘက် မျှ တွေးမှပေါ့...အခုတော့ တစ်ရက်လေး ဖုန်းမဆက်မိတာနဲ့ ငိုတာ တစ်မျိုး ဖုန်းနံပါတ် စုံစမ်းတာလည်း မကြိုက်ဘူး..ပြီးတော့ ငိုတက်တဲ့ ယောင်္ကျားတွေက သစ္စာ မရှိဘူးတဲ့..." "ဟာ..မဟုတ်ပါဘူး...ငါ တကယ် နင့် တစ်ယောက်ထဲကိုပဲ ချစ်တာပါ..." ❃.✮:▹ ⋇⋆✦⋆⋇ ︵‿︵‿୨♡୧‿︵‿︵⋇⋆✦⋆⋇ ◃:✮.❃ မျက်ရည်လွယ်တဲ့ သူတွေလောက် မုန်းတာ မရှိဘူး..။ ဒီလိုယောင်္ကျားကို ဘယ်လို အားကိုးပြီး ချစ်ကြည့်ရမှာလည်း..။ တစ်ဘ၀လုံးမပြောနဲ့ ခဏတဖြုတ် စိတ်တိုင်းမကျလို့ အော်ငေါက်မိရင်တောင် သူ့ကို ပြန်ထိုင်ချော့ရမဲ့ ပုံစံမျိုးမှာ ရှိသည်...။ ဒီလို မူမမှန် အရူးကောင်ကို အဆက်အသွယ်လုပ် လက်ခံစကားပြောမိတာကိုက မှားတာပါ....။ ❃.✮:▹ ⋇⋆✦⋆⋇ ︵‿︵‿୨♡୧‿︵‿︵⋇⋆✦⋆⋇ ◃:✮.❃ "နင်...နင်...တကယ်ပြောနေတာလား..." "ဟုတ်တယ်....ငါ လိပ်ပြာမလုံဘူး..ငါ
မြူခိုးမှိုင်းဝေ by Spica_s
Spica_s
  • WpView
    Reads 36,366
  • WpVote
    Votes 2,177
  • WpPart
    Parts 44
◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခဲ့ပြီးပြီ....အမှားတစ်ခု အတွက် ထိခိုက်ကြေကွဲ ခံစားမနေဘူး...အမှားကို အမှားအတိုင်းပဲ ထားခဲ့မယ်....ငါတို့ ဘဝက တိုတယ်...အချိန်က ရွေ့နေတယ်လေ....ဖြစ်ပြီးသွားတဲ့ အမှားမှန်သမျှက ဘဝနဲ့ ယှဉ်ရင် အချိန်အကြာကြီး ထိခိုက် ကြေကွဲနေစရာ မလိုတဲ့...နောက်မှာ ကျန်ခဲ့ပြီဖြစ်တဲ့...အမှုန့်အမွှား ကိစ္စလေးတွေပါ..." "ငါ နဲ့ ပတ်သက်မိသမျှ တွေကလည်း.....နင့်မှားခဲ့တဲ့ အမှုန့်အမွှား ခံစားချက်တွေလား..." ◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "တခြား အသိုင်းအဝိုင်း က ငါ့ကို ဂုဏ်တွေ အဆင့်အတန်းတွေ ခွဲခြားတာ ငါ ခံနိုင်တယ်....နင်....နင်လုပ်လို
နှင်းဆီမိုးစက် by Spica_s
Spica_s
  • WpView
    Reads 34,407
  • WpVote
    Votes 1,896
  • WpPart
    Parts 25
"မိုး...တော်တော့ကွာ...မှားခဲ့တဲ့ ကိစ္စမှာ မင်းအခန်းထိ ရောက်လာတဲ့ ငါ့ဘက်က အမှား ပိုတာ သိပါတယ်...ဒါပေမဲ့ ဒီကိစ္စ ကို အကြောင်းပြ ပြီး မင်းကို အပိုင်ရဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူး..မင်း ကို တာဝန် လည်း မယူခိုင်းခဲ့ဘူး...မင်းကို ငါ ဘာများ တောင်းဆို ခဲ့လို့လည်း..." "အဲဒါပဲလေ...မင်းရဲ့ ခပ်ပေါ့ပေါ့ အတွေးတွေလေ...မိန်းကလေး ဖြစ်တဲ့ မင်းက ဒီလောက် အတွေးအခေါ် ခေတ်မှီ နေဖို့ မလိုဘူးကွ....ပြီးတော့ စားပြီး နားမလည် တာဝန်မယူပဲ ထားရအောင် ငါက မင်းအမြဲ ပတ်သက်နေရတဲ့ ကောင်စားမျိုး တွေလို မဟုတ်ဘူး..မင်းရဲ့ အတွေးအခေါ် ကို ငါ သိသွားတာနဲ့ မင်းရဲ့ မိန်းကလေး တန်ဖိုးက ဇီးရိုးပဲကွာ.." "ငါ့ဘ၀ကို ငါ ဘယ်တုန်းကမှ ပေါ့ပေါ့ မတွေးခဲ့ပါဘူး မိုး... အချစ်ကို မင်းသိတဲ့တစ်နေ့...ငါ့ကို နားလည်လာပါလိမ့်မယ်..."
ခွင့်ပြုပါ (Zawgyi) by Spica_s
Spica_s
  • WpView
    Reads 30,077
  • WpVote
    Votes 1,563
  • WpPart
    Parts 39
" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော" "အရာရာတိုင်း ကွဲပြားခြားနားနေတယ်...ငါ့ဘဝကို နားမလည်နိုင်တဲ့ ယောက်ျားမျိုးနဲ့ လက်မတွဲချင်ဘူး...အစိုးရ၀န်ထမ်း တစ်ယောက် ၊ ကျောင်းဆရာမ တစ်ယောက်ရဲ့ ဘ၀ကို မိသားစုဝင်‌တွေတောင် နားလည်ကြတာ မဟုတ်ဘူး ..... ဆရာမချင်း တူရင်တောင် မူလတန်းပြ ဆရာမ မှ မူလတန်းပြ ဆရာမ ဘ၀ကို နားလည်နိုင်တာပါ....အသက်အရွယ်က ကွာခြားလွန်းတဲ့ အပြင် အချင်းချင်း နားလည် သိတက်မှု တွေ လေးစားလိုက်နာ မှုတွေပါ မရှိနိုင်ရင် အိမ်ထောင်ရေးက နှစ်ယောက်စလုံးအတွက် အကျဉ်းထောင် ဖြစ်သွားလိမ့်မယ် နိုနို" ☆...☆...☆...☆...☆...☆...☆...☆...☆...☆...☆ အချစ် အကြောင်းကို စာဖွဲ့ပြီး ပြောနေကြတော့ ရယ်ချင်လိုက်တာ အထွေးရာ...။ အချစ်ဦး ကို မူကြို အဆင့်ကတည်းက ရှာတွေ့တဲ့ ကောင်မို့ နာကျင်ပူလေ