Rebirth♥️
3 stories
ChuChuLayPyay
  • WpView
    Reads 2,189,969
  • WpVote
    Votes 146,166
  • WpPart
    Parts 199
သူမနိုးလာတော့ ခေါင်းတလားတစ်ခုထဲမှာ။ ယောက်ျားလေးတစ်ယောက်အဖြစ်နဲ့ ပေါ့။ သူမအချိန်ကူးပြောင်းလာတာလား။ ဘာကြောင့် ရှေးခေတ် ယောက်ျားလေးတစ်ယောက်ရဲ့ အဝတ်တစ်စုံက သူမကိုယ်ပေါ်မှာ ရောက်နေရသလဲ။ အမှန်တော့ သည်ခန္ဓာကိုယ်ပိုင်ရှင်ဟာ မိန်းကလေးပါပဲ။ သားလိုချင်တဲ့ မိခင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနေခဲ့တဲ့ မိန်းကလေးပေါ့။ ထိုမိန်းကလေး သေဆုံးချိန်မှာ ရောက်ရှိလာတဲ့ သူမအတွက် ဒီလောကဟာ သူမကြည့်နေကျ ဇာတ်လမ်းတွဲတွေကလွဲလို့  သူမနဲ့ အပြင်မှာ အကျွမ်းတဝင်မရှိတဲ့ လောကတစ်ခုဖြစ်နေပါတယ်။ အဲဒီ့နောက် သေဆုံးခဲ့တဲ့ ထိုမိန်းကလေးနဲ့  အပယ်ခံမိခင်အတွက် သူမဟာ ဒီလောကမှာ နေသားကျဖို့ ကြိုးစားရတယ်။ ဥာဏ်နီဥာဏ်နက်တွေနဲ့ ရှုပ်ထွေးလှတဲ့ မြို့ စားတစ်ပါးနဲ့ အ​ပေးအယူလုပ်​ဖို့ဆိုတာက သူမအတွက် မလွယ်ကူလှတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ original writer - iCiyuan (romance, normal, comedy)
၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury ) by Bai_he
Bai_he
  • WpView
    Reads 4,223,814
  • WpVote
    Votes 463,150
  • WpPart
    Parts 64
"ကျွန်တော် အခုဘယ်ရောက်နေတာလဲ?" ရေနံချေးဝနေတဲ့ ပျဉ်ထောင်အိမ်ကြီးထဲမှာ မီးအိမ်က အလင်းတစ်ခုပဲ ဖြာကျနေတယ်။ရေဒီယိုလို့ ယူဆရတဲ့ လေးထောင့်ဆန်ဆန် အရာဝတ္ထုလေးထံက ပျံ့လွှင့်လာတာ က သူနဲ့ အတော်လေးမရင်းနှီးလှတဲ့ ၂ဝရာစုလောက်က မြန်မာသံစဉ်တွေ။ ဘေးအခန်းနံရံမှာ ကပ်ထားတဲ့ ပြက္ခဒိန်ကို အကြည့်ရောက်တော့ သူအံ့သြလွန်းလို့ အသက်ရှုဖို့တောင်မေ့လုလု။ တနင်္ဂနွေရုပ်ရှင်တွေထဲမှာ မြင်ဖူးတဲ့ မင်းသမီးကြီးခင်သန်းနုရဲ့ Young version ညို့အားပြင်း ဓါတ်ပုံက သူ့ကို တဒင်္ကာ ဆွံ့အစေတယ်။ "အခု ...အခု ဘယ်နှခုနှစ်လဲ?" "အို လူလေးမမှတ်မိတော့ဖူးလား?ဒီနေ့က တန်ဆောင်မုန်းလပြည့်ကျော် ၁ရက် ၁၃၃ရလေ " "ခင်ဗျာ" ရွှေဘီးဆံပတ်နဲ့ ရှေ့က ဘွားတော်ကိုကြည့်ပီး သူ့ခေါင်းတွေ ချာချာလည်သွားသလိုပင်။ ဘာလဲ.. ငါအခု ဝတ္ထုတွေထဲကလို လွန်ခဲ့တဲ့ အနှစ်၄ဝကျော်မှာ ပြန်လည်မွေးဖွားလာခဲ့တာလာ