Apology
#တောင်းပန်ပါတယ်......နှလုံးသားကိုချပြမိတဲ့အတွက်....# Hunhan(yaoi)
It is nothing.. ~ Just .. a breaking ... [ အဲ့တာက .. ဘာမှမဟုတ်ပါဘူး.. ကွဲကြေပျက်စီးမှု တစ်ခု ပါပဲ.. ]
ဟင့်အင်း~ ဘယ်ဟာက...အရင်စတင်ခဲ့သလဲ ကျွန်တော် မသိဘူး~သေချာတာက ကျွန်တော်တို့နှစ်ယောက် ထောင်ချောက်တစ်ခုထဲ ပိတ်မိရင်း... ကိုယ်တိုက်တဲ့ကျိန်စာ~ကိုယ်စီ ပြန်စူးခဲ့ကြတယ်
အကယ်၍သာ... ဘဝမှာ တစ်ချို့အရာတွေဟာ အနားမှာ ဆက်လက် တည်မြဲနိုင်ဖို့ အစဉ်တစိုက် တန်ဖိုးထားမှု လိုအပ်ကြောင်း ကြိုသိခဲ့မယ်ဆိုရင်... အကယ်၍သာ... ဘဝမှာ တစ်ချို့အရာတွေဟာ ကိုယ်ထင်မှတ် ယုံကြည်ထားသလို ထစ်ထစ်ချ ဖြစ်မလာနိုင်ကြောင်း ကြိုသိခဲ့မယ်ဆိုရင်... အကယ်၍သာ... ဘဝမှာ တစ်ချို့အရာတွေဟာ အရှေ့အနောက် မှားယွင်းစွာ အစီအစဉ်မကျ ဖြစ်ပေါ်လာတ...