လက်ဝါးပေါ်ကာမ
လက္ခဏာဆရာတွေမပြောပြသောလမ်းကြောင်းများ
တဖြည်းဖြည်းနဲ့ပျံသန်းရတာ အားနည်းလာတယ် ငါ့ အတောင်နှစ်ဖက်မှာ စိတ်ဒဏ်ရာတွေနဲ့ ဘဝကိုဖိနပ်လိုလုပ်စီးတဲ့အခါ အိမ်ပြန်ချိန်တွေပဲ ပါးပါးလာတယ် တသိမ့်သိမ့်ရှိုက်ငိုဖို့နေရာရှာတော့လည်း အမေ့ရင်ခွင်ဟာ ဟိုဘက်ကမ်းက မီးအလင်းရောင်လို မှုန်ပျပျဝေးခဲ့တဲ့ညတွေ ဇာတ်လမ်းမဆုံးခင် ကြော်ငြာဝင်သလို လူတွေအားလုံးဟားတိုက်ရယ်မောခဲ့ကြ ကိုယ့်ဒူးကိုယ်...