castle1002
"မင်း ဘာကို မြင်သလဲ?"
"အလောင်းတောင်၊ သွေးပင်လယ်ဝေနေတာကို မြင်သည်"
"မင်း ဘာကြောင့် လာခဲ့တာလဲ?"
"သတ်ဖို့ လာခဲ့တာ"
"ကျင့်လင်..." စစ်မှန်သော ဗုဒ္ဓမြတ်စွာသည် ကရုဏာတော်ဖြင့် မျက်လွှာချကြည့်တော်မူသည် - "နောက်ကြောင်းပြန်လှည့်ပါလေ၊ ကယ်တင်ခြင်းတရားက လက်တစ်ကမ်းမှာတင် ရှိတယ်"
ကျင့်လင်သည် ခေါင်းကို မော့လိုက်ရာ သူ၏ ကိုယ်ရောင်ကိုယ်ဝါတို့ ထွက်ပေါ်လာသည်။ သူ၏ မျက်ဝန်းအစုံသည် အေးစက်စက်နိုင်လှပြီး ဝတ်ရုံမှာမူ သွေးများဖြင့် ရွှဲရွှဲစိုနေသည်။ သူ၏ ဓားဖျားသည် မြေပြင်ပေါ်သို့ စိုက်ကျနေကာ မြေကြီးကို ခြစ်မိလျက်သား ရှိနေသည်။ သူသည် အဆုံးအစမဲ့သော သွေးပင်လယ်ကြီး၏ ဝန်းရံခြင်းကို ခံထားရပြီး သူ၏ ဦးခေါင်းထက်တွင်မူ မရေမတွက်နိုင်သော နတ်ဗြဟ္မာ အပေါင်းတို့ ရှိနေကြသည်။
ကျင့်လင် တိုးညှင်းစွာ ပြောလိုက်သည်။ "နောက်ကျသွားပြီ"
*****
"မင်း ဘာကို မြင်သလဲ?"
"အ