JeonTsuyu
Decemberရောက်ပြန်ပြီမောင်၊
Decemberလမှာ ငါ့အတွက် အမှတ်တရတွေအများကြီးပဲ
မောင်ရှိတုန်းကနွေးထွေးတဲ့Decemberက
မောင်မရှိတော့အေးစက်နေပြီ။
မောင်က Decemberလမှာငါ့အတွက်လက်ဆောင်မွန်အဖြစ်ရောက်လာပြီးတော့ Decemberလမှာပဲ ငါ့ရဲ့ပြစ်ဒဏ်အနေနဲ့ငါ့နားကထွက်ခွာသွားတယ်။
မောင်ငါလေ အရင်ကမကြိုက်တဲ့မောင်သိပ်ကြိုက်တယ်ဆိုတဲ့ကော်ဖီခါးခါးကြီးတွေ ကိုအခုသောက်နေတယ်၊ခါးလိုက်တာမောင်ရယ်။
မကြိုက်တာကိုသောက်နေလို့မောင်ကဆူချင်ဆူမှာပေါ့၊ဒါပေမယ့်မောင်ရယ်၊ ကော်ဖီခွက်လေးက သူ့ကိုထည့်သောက်မယ့်သူမရှိလို့ငိုနေကြပြီ။
ဒါငါလိမ်ဖို့အတွက်ဆင်ခြေတစ်ခုပါမောင် တကယ်လို့ငါမောင့်နှုတ်ခမ်းနဲ့အနမ်းတွေကိုလွမ်းတာကြောင့် မောင့်အမြဲထိတွေ့နေကြကော်ဖီခွက်လေးနဲ့အလွမ်းဖြေနေတာပါမောင်၊
မောင်သာကြားနိုင်မယ်၊နားထောင်ဦးမယ်ဆိုငါပြောပြချင်တာတစ်ခုရှိတယ်
"သိပ်ချစ်တယ်မောင်"