LanaLwin172
- Reads 31,872
- Votes 442
- Parts 31
"နွမ်းငယ် ကိုကို့ကိုမယုံကြည်နေတာလား"
"မယုံကြည်တာမဟုတ်ဘူး၊ကိုကို့နှလုံးသားဘာကိုပဲရွေးချယ်ရွေးချယ် လက်ခံနိုင်အောင်ကြိုးစားကြည့်နေတာ၊ ကိုကိုကစကားအပိုလုပ်ပြောတတ်တဲ့သူမဟုတ်ဘူး နွမ်းငယ်ကလည်းအပိုပြောတာကိုကြိုက်တဲ့သူမဟုတ်ဘူး၊တူညီတဲ့အချက်တွေများရုံနဲ့လူနှစ်ယောက်ကအဆုံးထိအတူရှိနိုင်မယ်လို့ မျှော်လင့်ချက်မထားရဲဘူးဖြစ်နေတယ်"
"ချစ်တာနဲ့ရွေးချယ်တာနဲ့တစ်ထပ်တည်းမကျနိုင်တဲ့အခါ အဆုံးထိမမျှော်လင့်ထားတာကအကောင်းဆုံးပါပဲ အနာဂတ်အကြောင်းသိပ်မတွေးနဲ့နွမ်းငယ်၊အတူရှိရချိန်မှာပျော်စရာတွေကိုဘဲ လက်ခံထား"
"အဲလိုဆိုပြန်တော့လည်း ကိုကို့အနာဂတ်မှာနွမ်းငယ်ပါမယ်ဆိုတာ မသေချာနိုင်ဘူးပေါ့"
"အခုမဖြေချင်သေးရင်လည်း နောက်တော့ဖြေပေါ့၊ အတင်းမတိုက်တွန်းပါဘူး၊ဒါပေမယ့် တစ်ခုတော့ပြောထားချင်တယ် အတိတ်ကလူဆီကိုတော့ဘယ်တော့မှပြန်မ