ReoWang20
လူဆိုတာ ဘာကြောင့်ဖြစ်လာရတာလဲ။
ဘယ်ရည်ရွယ်ချက်တွေနဲ့ ဒီလူ့လောကကို ရောက်လာရတာလဲ။
ဒီလိုနာကျင်ရတဲ့ အရသာကို မေ့တေ့တေ့ဖြစ်လုရစေတဲ့ အကြောင်းရင်းကကော ဘာလဲ။
အချစ်လား။ ဒါမှမဟုတ်
စွဲလမ်းမှုလား။ ဒါမှမဟုတ်
ငါ့အတွက် အဆုံးသတ်များရောက်ရှိလာတာများလား။
ရွေးချယ်စရာမရှိတဲ့ ဒီလုပ်ရပ်တွေကြား ငါ့ဘဝကို အဆုံးသတ်လိုက်သင့်ပြီလား။
မဟုတ်ဘဲ ငါခေါင်းရှောင်ထွက်သွားသင့်လား။
ကြိုဆိုသူမဲ့ပြီး ငြိမ်သက်ခြင်းကြီးစိုးနေတဲ့ ဒီအခန်းငယ်လေးက ငါ့မျက်ရည်တွေနဲ့ ပြည့်ခဲ့ဖူးပြီ။ ရှင်သန်မှုဆိုတာကို ခံစားရလုနီးနီးမှာ ပစ်ချခဲ့ခံရပေါင်းလည်းများပြီ။
မရေရာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဒီအခန်းထဲ ထပ်ရောက်လာခဲ့ရပြန်ပြီ။
ပြန့်ကျဲနေတဲ့ စောင်တွေကြားထဲ တိုးဝင်ပြီး နောက်တစ်ရက်ကို ကုန်ဆုံးရအုံးမယ်။ ( ကြေကွဲမှုတွေနဲ့ )
မျှော်လင့်နေပါ့မယ် မနက်ဖြန်ရယ်....