စပါး နဲ့ နွား နဲ့ အညာသား(Completed)
Sms12790
- Reads 138,875
- Votes 5,597
- Parts 36
"လမင်း ကြီးကို မြင်တယ်လေ ဟယ်.."
"လမင်းကြီးက မလှဘူးလား .."
"လမင်းကြီးပါဆို လှတာပေါ့တော် ၊ ၀င်း၀င်းပပကလေးနဲ့ သူ့ကြည့်ရင် မျက်စိကလေးကိုအေးလို့ .."
"အေး .. နင် နဲ့တူတယ် .."
မြကျော် စကားကြားတော့ ထားထားဦးငြိမ်သက်သွားပြီရင်ထဲ မပြောပြတတ်သော ကြည်နူးမူ့ကလေးတွေ စိမ့်၀င်သွားပုံရသည်။
ဆောင်းလေကလေး ဖြတ်တိုက်၍ လွင့်ခါသွားသော ဆံစကလေးတွေကိုသူမနားကြားကလေးထဲ ညှပ်ပြီ
"မြကျော် ..နင်လျှောက်မပြောနဲ့ ၊ ငါက မြေကြီးပေါ်မှာ လမင်းကြီးက ကောင်းကင်ပေါ်မှာ တူမှမတူပဲ .."
"အေးလေ လမင်းကြီးက လမင်းကြီး နင်က နင်ပါပဲ။
သို့ပင်မယ့် ငါ့အတွက်တော့ နင်က လမင်းကြီးလိုပဲ။
နင့်ကို မြင်ရင် ငါ့စိတ်တွေ အေးချမ်းတယ်။
နင့်ကိုမြင်ရင် ငါ အားရှိတယ် ။
နင့်ကို မြင်ရင် ငါ ပျော်တယ် ။ အဲ့တာ နင် သိလား .."
"နင် ပြောမှ ငါသိမယ်ပေါ့ အလိုလိုတော့ ဘယ်သိမလဲ.."
" အေးလေ အခု ငါ ပြောပြလို့ နင်သိသွားပ