DaddyZ10
- Reads 6,727
- Votes 697
- Parts 9
နေကြတ်သည့်နေ့မှာ Wattpad စာရေးသူ စုံတွဲတစ်တွဲ အခြား အချိန်ကာလတစ်ခုသို့ အတူတူ ကူးပြောင်းသွားခဲ့ကြသည်။ ကူးပြောင်းခြင်း သံသရာ ရပ်တန့်သွားဖို့အတွက် အတူ ကြိုးစားခဲ့ကြပေမယ့် တစ်ယောက်က အရင်သေဆုံးသွားပြီး ကျရှုံးနေဆဲပင်။
* ငါးကြိမ်မြောက် ကူးပြောင်းခြင်းအပြီး *
ဇွဲပြည့်က တအံ့တဩ မေးလိုက်သည်။
"ဘေဘီက အဲဒီပင်လယ်စာဆိုင်မှာ ရောက်နေတာ? ကိုကိုအဲဒီဆိုင်မှာ ဂဏန်းမဆလာတောင် လာစားသေးတယ်လေ... ကိုကိုဘေဘီနဲ့ ဘာလို့ မတွေ့တာလဲ"
ဒီပါက နာကျည်းဟန်ဖြင့် ပြန်ဖြေလာ၏။
"ခင်ဗျား ဂဏန်းမဆလာမမှာခင်တုန်းက... ကျွန်တော်အဲဒီဆိုင်ရဲ့ ဖန်ရေကန်ထဲမှာ ဘေးတိုက်လေး ရေကူးသွားနေခဲ့တာပေါ့ဗျာ"
* ဆယ်ကြိမ်မြောက် ကူးပြောင်းခြင်းအပြီး *
ဒီပါက နားမလည်နိုင်သလို မေးလိုက်သည်။
"ကျွန်တော် ပိုက်ဆံ နှစ်သောင်းလှူခဲ့တဲ့ သူတောင်းစားက ကိုကို? ဒါဆိုရင် ကိုကိုဘာလို့ တစ်ပတ်အတွင်