htetaung1129
ချီမင် နိုးထလာတဲ့အခါ သူတခြားလောကတစ်ခုကို ကူးပြောင်းလာတာကို တွေ့လိုက်ရတယ်။ သူက ကောင်းကင်ဘုံဥာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုထဲကတစ်ခုဖြစ်တဲ့တိမ်စိမ်းတောင်ထွတ်ရဲ့ တပည့်တစ်ယောက် ဖြစ်လာတယ်။ ကံကောင်းစွာနဲ့ပဲ "အလိုအလျောက်ကျင့်ကြံခြင်းစနစ်" ဆိုတာကြီးက အသက်ဝင်လာပြီး သူ့ဘဝကို ပြောင်းလဲပေးလိုက်တယ်။
"တင်း!"
"သင် 'ရှူတောင် ရှေးဟောင်းလမ်း' ဂိမ်းမြေအောက်စခန်းမှာ ခုနစ်ရက်ကြာ အလိုအလျောက်ကျင့်ကြံခြင်းလုပ်ခဲ့ပါတယ်။သင် ဂိမ်းမြေအောက်စခန်းကို ခုနစ်ကြိမ် ရှင်းလင်းခဲ့ပါတယ်။ သင်ကြယ်ခုနစ်လုံးဓား ၁ ချောင်း၊ ဓားထိန်းချုပ်ရေးနည်းလမ်းတစ်ခု၊ ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်း ဆေးလုံး၁ လုံး၊ နဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၆၃၀ရရှိပါတယ်။"
"တင်း!"
"တိမ်စိမ်းချီသန့်စင်ခြင်းပညာရပ်ကိုတစ်ရက်ကြာ ကျင့်ကြံပြီးပါပြီ။ သင့်ရဲ့ကျင့်က