traursluna05
Superstar Gemini နှင့် Scriptwriter Fourth။
လူအများရှေ့မှာ စိမ်းကားခဲ့ရတဲ့ ၅ နှစ်တာ အကွာအဝေး။ တစ်ယောက်က တောက်ပလွန်းတဲ့ ကြယ်တစ်ပွင့်ဖြစ်နေချိန်မှာ နောက်တစ်ယောက်ကတော့ စက်ရုပ်တစ်ရုပ်လို အေးစက်စွာ ရှင်သန်နေခဲ့တယ်။
မတော်တဆ ဆုံစည်းမှုမှသည်... မူးယစ်ရီဝေစေ သော ညတစ်ည၏ ဝန်ခံချက်များအထိ။ Gemini က Fourth ကို သူ့ဘဝထဲက ထပ်မံထွက်ခွာခွင့် ပေးတော့မှာလား? Fourth ရဲ့ စွန့်လွှတ်မှုတွေက Gemini အတွက် တကယ်ပဲ အချစ်လား... ဒါမှမဟုတ် နှိပ်စက်မှုလား?
"ငါ မလိုအပ်တဲ့အရာတွေကို ငါ့အတွက်ဆိုပြီး မလုပ်ပေး ပါနဲ့တော့ Fourth... မင်း ငါ့ဘေးမှာ မရှိတာက ငါ့အတွက် အကြီးမားဆုံး ထိခိုက်မှုပဲ။"