chochin_universe
- Прочтений 4,604
- Голосов 387
- Частей 52
"နူးညံ့တဲ့ လက်ချောင်းလေးတွေနဲ့ ငှဲ့ပေးတဲ့ ရွှေဝါရောင်ဝိုင်...
နွေဦးမှာ မိုးမခပင်တွေ စိမ်းလန်းနေပေမဲ့...
နန်းမြို့ရိုးတွေက ပိတ်လှောင်ထားဆဲ။
အရှေ့လေက ရက်စက်လိုက်တာ...
ပျော်ရွှင်စရာအချိန်တွေကလည်း ရှားပါးလွန်းလှတယ်။
ရင်ထဲမှာတော့ ဝမ်းနည်းစရာ အတွေးပေါင်းစုံနဲ့... တို့တွေ ဝေးကွာခဲ့တာ နှစ်တွေကြာပြီ။
မှားယွင်းလိုက်တာ.. မှားလိုက်တာ..
အရာအားလုံး မှားယွင်းကုန်ပြီ။
နွေဦးက စိမ်းလန်းမြဲ
ဒါပေမဲ့ သူမခမျာ ပိန်လှီလို့နေရဲ့။
မျက်ရည်စိုရွှဲနေတဲ့ လက်ကိုင်ပဝါမှာ
အနီရောင်အစွန်းအထင်းတွေနဲ့ မသန့်ရှင်းတော့ဘူး။
လူသူကင်းမဲ့တဲ့ ခန်းမဆောင်နားမှာ မက်မွန်ပွင့်တွေ ကြွေကျလို့...
ငါတို့ရဲ့ သစ္စာကတိတွေ ရှိနေဆဲပါ
ဒါပေမဲ့... ဘာစကားမှ မပါးနိုင်တော့ဘူး။
မဖြစ်နိုင်တော့ဘူး.. မဖြစ်နိုင်တော့ဘူး..
မဖြစ်နိုင်တော့ဘူးလေ။"