Spica_s
- Reads 34,406
- Votes 1,896
- Parts 25
"မိုး...တော်တော့ကွာ...မှားခဲ့တဲ့ ကိစ္စမှာ မင်းအခန်းထိ ရောက်လာတဲ့ ငါ့ဘက်က အမှား ပိုတာ သိပါတယ်...ဒါပေမဲ့ ဒီကိစ္စ ကို အကြောင်းပြ ပြီး မင်းကို အပိုင်ရဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူး..မင်း ကို တာဝန် လည်း မယူခိုင်းခဲ့ဘူး...မင်းကို ငါ ဘာများ တောင်းဆို ခဲ့လို့လည်း..."
"အဲဒါပဲလေ...မင်းရဲ့ ခပ်ပေါ့ပေါ့ အတွေးတွေလေ...မိန်းကလေး ဖြစ်တဲ့ မင်းက ဒီလောက် အတွေးအခေါ် ခေတ်မှီ နေဖို့ မလိုဘူးကွ....ပြီးတော့ စားပြီး နားမလည် တာဝန်မယူပဲ ထားရအောင် ငါက မင်းအမြဲ ပတ်သက်နေရတဲ့ ကောင်စားမျိုး တွေလို မဟုတ်ဘူး..မင်းရဲ့ အတွေးအခေါ် ကို ငါ သိသွားတာနဲ့ မင်းရဲ့ မိန်းကလေး တန်ဖိုးက ဇီးရိုးပဲကွာ.."
"ငါ့ဘ၀ကို ငါ ဘယ်တုန်းကမှ ပေါ့ပေါ့ မတွေးခဲ့ပါဘူး မိုး... အချစ်ကို မင်းသိတဲ့တစ်နေ့...ငါ့ကို နားလည်လာပါလိမ့်မယ်..."