Dika_exo's Reading List
1 story
Super Model par rilakkuma_kyiyoe
rilakkuma_kyiyoe
  • WpView
    LECTURES 3,866
  • WpVote
    Votes 421
  • WpPart
    Parties 2
Jongin ခုမှ အသည်းပုံ​လေး​တွေ သိပ်​လှတာပဲဆိုတာကို နားလည်​သွားတယ်​။ ပြန်​​တော့မယ်​ဆိုပြီး သူ့ကို ပြုံးပြ​နှုတ်​ဆက်​​နေတဲ့​ကောင်​​လေး ... ဝင်​လာတည်းက ​ဆောင်းထားတဲ့ဦးထုပ်​​လေးက ခု​တော့ လက်​ထဲမှာ၊ သူ့အထုပ်​အပိုး​တွေအကုန်​လုံးကို​တော့ လက်​တစ်​ဖက်​က မနိုင်​မနင်းဆွဲထားရင်း .. ကုန်းလိုက်​ကွလိုက်​ ငုံ့လိုက်​လုပ်​​နေရာက​နေ ​မော့လာတဲ့မျက်​နှာ​လေးက က​လေးဆန်​လိုက်​တာ။ ဖြူနု​နေတဲ့ ပါး​ဖောင်း​ဖောင်း​လေး​တွေက မဆိုစ​လောက်​က​​လေး ပန်း​ရောင်​​ပြေးလို့ .. မျက်​ခုံးထူထူ​လေး​အောက်​က ဝိုင်းစက်​​နေတဲ့မျက်​လုံး​လေး​တွေကလည်း သာမန်​​ယောကျာ်း​လေး​တွေမှာ ​တွေ့​နေမြင်​​နေကျမဟုတ်​တဲ့ မျက်​လုံးပြူးပြူး​လေး​တွေနဲ့။ Jongin အာရုံကို အဖမ်းစားနိုင်​ဆုံးက​တော့ ရယ်​ပြ​နေလို့ အသည်းပုံ​​ပေါ်​နေတဲ့ နှုတ်​ခမ်း​တွေ။ နီနီ​ဖောင်