ahnithwe
ချစ်တယ်လေ .....
သဘာဝ ကို ခနမေ့ထားဟာ
ငါနင့်ကို ချစ်တယ် ...
နင်လည်းငါ့ကိုချစ်တယ် ...
ပြည့်စုံပြီလေ .....
လက်ညှိုးထိုးတာကို မကြောက်နဲ့ဟာ ..
လက်ခုပ်သံကိုပဲ နားထောင်ရအောင်....
စိတ်ချ ငါ့လက်ကိုတွဲထားတဲ့အချိန် နင့်အပေါ်မှာ ပန်းမိုးရွာစေရမယ် ....
ငါ့ကိုသာ မလွှတ်လိုက်နဲ့ ...
အားလုံးကို ကျောခိုင်းထားရဲတယ် ......
လက်ထပ်စာချုပ်မရှိဘူး..
တရားသူကြီးမလိုဘူး ....
တလောကလုံးကိုသက်သေထား ကျိန်ဆိုမယ် .....
နင်က ငါ့ရဲ့ လက်တွဲဖော်လို့ ...
မနက်ခင်းတိုင်း အတူနိုးထမယ်
အခက်ခဲတိုင်းကျော်ဖြတ်မယ် ..
ဆံဖြူ သွားကျိုး နောက်ဆုံးထွ၈သက်ထိ
နင့်လက်လေး ကိုကိုင်ထားမယ့့်
ဟင် ..... ချစ် .. နင်စိတ်မညစ်နဲ့ ချစ်ရယ် .....
လူတွေက လေ ဆိုပြီးလည်း မကြောက်နဲ့ .....
သဘာဝ ကိုဆန့်ကျင်တယ်တဲ့ စကားလုံးဒါဏ်တွေလည်း ကြံ့ကြံ့ခံကြတာပေါ့ .....
နင်သိလား ချစ် .... တချို့လူတွေက အချစ်ဆိုတာကို နားလည်ဖို့ဥာဏ်မမှီဘူး ....