Spica_s
- Reads 45,283
- Votes 2,743
- Parts 24
"..ကိုယ့်ထက်သာတဲ့ ဘယ်အရာမဆို မပိုင်ဆိုင်ရမှန်းသိပေမဲ့ လိုချင်လို့ အားကျလို့  စိတ်ဝင်တစားဖြစ်မိကြတယ်...
တောင့်တတက်ကြတာပဲလေ....ဒါသစ္စာဖောက်တယ် ဘယ်မှာပြောလို့ရမလည်း.."
ချစ်ရသူက ကိုယ့်ရှေ့မှာ တခြားမိန်းမလှလေးကို ချစ်မိပါတယ်လို့ ၀န်ခံလိုက်တာ ခံစားရသူ တစ်ယောက် အနေနဲ့ မသက်သာလှပါ..။
သူ့ကိုလည်း စိတ်မဆိုးရက်သလို သူခံစားရတဲ့ ချစ်ဝေဒနာတွေကို ကိုယ်တိုင်ခံစားဖူးသည် မို့ သနားမိရပြန်သည်..။
သူ့အတွက် ၀မ်းနည်းသလို ကိုယ့်ဘ၀ကို စိတ်မကောင်းဖြစ်ရင်း အတိုးအရင်းပေါင်းခါ ပိုငိုရ၏....။
:・゚✧ *:・゚✧ *:・゚✧ *:・゚✧:・゚✧ *:・
သူ့ ခြေရင်း မှာ
ကြွေသက် ဆင်းသည့်
မေတ္တာ စေတနာ ကရုဏာ မည်သော
ပွင့်လွှာတို့သည်
စစ်မှန်သော ချစ်စိတ်ကြောင့်
ဖူးပွင့်လာသော
အပိုဆု များသာ...။