အမုန်းမျက်နှာဖုံး {Zawgyi&Unicode}
Zawgyi; ချစ်ခဲ့ပေမယ့် မချစ်ဘူးဆိုပြီး မမုန်းရက်ပေမယ့် မုန်းတယ်ဆိုပြီး အဝေးမှာ မနေနိုင်ပေမယ့် ထွက်သွားချင်တယ်ဆိုပြီး သူ့ကို ကျောခိုင်းခဲ့တဲ့နောက်... သူ့ရင်ဘတ်အက်နေတာကို အရသာခံရယ်မောရင်း ကျွန်တော့်နှလုံးသားထက်ခြမ်းကွဲခဲ့တယ်... ဟုတ်ပါတယ်... တကယ်တော့လည်း မျက်နှာဖုံးပါးပါးလေးတစ်ခုက သူနဲ့ကျွန်တော်ကြားမှာ ခြားနေခဲ့ရုံလေးပါ...