KywayWay
- Reads 3,724
- Votes 49
- Parts 21
လောကကို ကယ်တင်ရမယ့် ကံကြမ္မာနဲ့ မွေးဖွားလာတဲ့ ယွဲ့ရှင်းအာ ဆိုတဲ့ မင်းသမီးလေးက လောကကြီးထဲကို ဝင်ရောက်လာတဲ့နေ့ ကနေ စပြီး ဇာတ်အိမ်တည်ထားတဲ့ "နတ်ဆေးဧကရီ" ဆိုတဲ့ ဝတ္ထုလေးက ဇာတ်လမ်း ၊ ဇာတ်အိမ် ကောင်းသလို တစ်အုပ်ထဲနဲ့ အပြီး ဖတ်လို့ ရမယ့် ဇာတ်လမ်းလေးပါ။
ဆေးပညာ ၊ သိုင်းပညာနဲ့ နိုင်ငံရေး လှည့်ကွက်တွေကို နောက်ခံ တည်ထားတဲ့ ဒီဇာတ်လမ်းထဲမှာ ကျန်းယွဲ့နိုင်ငံနဲ့ ထျန်းရှင်းနိုင်ငံ ဆိုတဲ့ နိုင်ငံနှစ်ခုက အဓိကနေရာကနေ ပါဝင်ပါတယ်။ မင်းသမီးလေး ယွဲ့ရှင်းအာကတော့ ကျန်းယွဲ့နိုင်ငံရဲ့ မင်းသမီးလေးပေါ့။ ယွဲ့ရှင်းအာက ငယ်ငယ်ကတည်းက သင်လွယ် ၊ တတ်လွယ် ပါရမီကို ပိုင်ဆိုင်ထားပေမယ့် "ကြီးမားတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားသူက ကြီးမားတဲ့ တာဝန်တွေကို ယူရမယ်" ဆိုတဲ့ ဆိုရိုးအတိုင်း လောကကြီးကို ကယ်တင်ရဖို့ ဖြစ်လာပါတော့တယ်။