YadanarMyintAung
ဒီဇာတ်လမ်းလေးက ကောင်လေးသုံးယောက်ကြားက
အချစ် အမုန်း အလွမ်း တွေကိုဖော်ပြထားတဲ့ဇာတ်လမ်းလေးတခုပါ။
အချစ်ဆိုတဲ့အရာကထူးဆန်းပါတယ်..
ကိုယ့်ကိုမုန်းပါတယ်ဆိုတဲ့သူကိုမှချစ်မိတတ်သလို
ကိုယ့်ကိုချစ်ပါတယ်ဆိုတဲ့သူကိုမှလဲမုန်းမိတတ်ပါတယ်
ကဲ.. reader လေးတွေရော ချစ်မိနေပြီလား?
ဒါဆိုသေချာပါတယ် နာကျင်ခြင်းကိုတခါမကခံစားဖူးမယ်ဆိုတာ.. ကျနော်လဲခံစားခဲ့ဖူးတယ် ..နာကျင်ခြင်းကို
နေသားကျလာမှာပါဆိုပြီး အားတင်းခဲ့ပေမဲ့ အခုချိန်ထိ..
နာကျင်တိုင်း ငိုနေမိတုန်းပါပဲ..
အခုကျနော်ရေးမဲ့ဇာတ်လမ်းလေးကလဲ ဒီလိုပါပဲ
သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဆိုတော့ တယောက်ကတော့
သေချာပေါက် ကျန်ရစ်ဖြစ်ပြီး နာကျင်ရမှာပဲလေ
အချစ်တွက်နဲ့ အရာရာကိုပေးဆပ်ပြီးချစ်ခဲ့ပေမဲ့
သူပျော်ဖို့တွက် ကိုယ်နာကျင်လိုက်ရတာမျိုး
သူချစ်တဲ့သူဆီသွားနိုင်ဖို့ ကိုယ့်နှလုံးသားကိုလမ်းခင်းပေးလိုက်တာမျိုး... အရမ်းနာကျင်ပေမဲ့ သူပျော်ရင်
ဆိုပြီး အားတင်းခဲ့ရတာမျိုးပေါ့..
အချစ်နဲ့စစ်မှာ တရားတယ် မတရားဘူး ဆိုတာမရှိပါဘူး..