Khoon654
ကိုယ်ဟာ ဝရံတာရဲ့
ဒုတိယတန်းပေါ်ရပ်ပြီး
အဝေးကို ငေးမိတယ်...။
တိုက်ခတ်နေတဲ့ လေနုနုတွေကို
မျက်လုံးအသာမှိတ်ပြီး ခံယူနေတုန်း
အမြင်အာရုံကြား လွန်းဝင်လာတယ်။
ပြုံးရင်းက တဆက်တည်း
ခါးကို ကိုင်းချလိုက်တဲ့အချိန်မှာ
ရင်တစ်ခုလုံး လှပ်ခနဲအေးသွားတယ်..။
ကိုယ်တွေးမိလိုက်တာက
ကိုယ်ဟာ လေဟုန်စီးချင်လို့လား.
ဒါမှမဟုတ် နာရေးနဲ့သာရေး ကြုံဆုံရင်
သာရေးက နောက်ဆုတ်ပေးရတဲ့
ဗမာ့ထုံးတမ်းအစဥ်အလာကြောင့်လား
ကိုယ်ဝေခွဲမရပြီ.....။