Ph4549
လူကအပြင်ရောက်နေပေမယ့် စိတ်ကခုထိလှောင်အိမ်ထဲကနေ ထွက်မလာနိုင်သေးဘူးထင်ပါတယ်.. ။
ဘယ်လောက်ပဲ အားကုန်ထုတ်ပြီး ဝေးဝေးကိုပျံသန်းခဲ့တာ မှန်ပေမယ့်.. တကယ်တမ်းကျ ကျွန်တော်က ပိုက်ကွန်ထဲဝင်နေတာ ။
ပိုက်ကွန်ထဲရောက်နေမှန်းမသိဘဲ အားကုန်ထုတ်ပြီး ပျံသန်းခဲ့ရတာက အချည်းနှီးဆိုတဲ့ခံစားချက်က လူကိုဟာခနဲ ဖြစ်သွားစေတဲ့အထိ.. ။
ပင်ပန်းတယ် တကယ်.. ။
တောင်ပံတွေ အရမ်းညောင်းနေပြီ.. ။
တကယ် ညောင်းနေပါပြီ.. ။
.
" မှူးက မှူးကိုချစ်ပါလို့လည်း မတောင်းဆိုဘူး.. မှူး အချစ်မခံချင်ဘူး အဲ့ဒါကြောင့် ကိုခန့်ကပေးမယ်ဆိုရင်တောင် မှူးက ကန်တော့ပါရဲ့နော်လို့ပြောမှာနော် သိလား.. "
" အဟက်.. ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးမနေဘူးလား ငါ့ကိုမချစ်ရင် မင်းဘာလို့ ငါ့ကိုလာရှုပ်နေတာလဲ.. ဘာလို့ ငါ့ခံစားချက်တွေကို မင်းဂရုစိုက်နေတာလဲ "
" မှူးက angel လေးဖြစ်ချင်တာလေ.. "
" ကျစ်.. "
သူ စိတ်