mei_kuro03
"မင်းလို ကလေးမျိုးကို ငါက ဘာလို့စိတ်ဝင်စားရမှာလဲ"
ဂျိတ်မှာ မျက်နှာထားတည်တည်ထား၍ပြောနေသော်လည်း သူ၏မျက်လုံးထဲတွင် ရှက်သွေးရောင်လေးတွေသန်းနေသည်ကို သူကိုယ်တိုင်သတိထားမိသည်။
"ဟာအကိုကလည်း ကျနော်သိတယ် ကျနော့်ကိုကြည့်တဲ့အကို့မျက်လုံးတွေကမရိုးသားဘူးလေ"
ဆောင်းဟွန်းမှ ခပ်နောက်နောက်ပြုံး၍ပြောလိုက်သည်။
ဂျိတ်မှာပါးလေးတွေနီရဲလာ၍ ဆောင်းဟွန်းပြောသည်ကိုငြင်းဆန်ရန်ရှက်သွေးဖြာနေသောသူ၏မျက်နှာထားကိုတင်း၍ပြန်ပြောလိုက်သည်။
"မင်းလိုကလေးက..."
ဂျိတ်စကားမဆုံးခင်မှာပဲ ဆောင်းဟွန်းသည် ဂျိတ်ကိုအလေးအနက်ထားသောစကားများပြောတော့မည့်ဟန်ဖြင့် ဂျိတ်၏မျက်လုံးများကိုစိုက်ကြည့်၍ စကားကိုဖြတ်ပြောလိုက်သည်။
"ဟုတ်တယ်အကို့ရဲ့ ကျနော်ကကလေး အကို့ရဲ့ကလေးဖြစ်လာမဲ့သူ"