Části: 133 Průběžné မာယာများတဲ့အချစ်ကြောင့် နောက်ထပ်မချစ်မိအောင်မာယာေတွနဲ့ကာကွယ်တတ်ခဲ့ပေမယ့်
မင်းရဲ့ ဖြူစင်ရိုးရှင်းတဲ့ချစ်ခြင်းကတော့ ကိုယ့်နှလုံးသားရဲ့အကာအကွယ်နံရံတွေကို ပြိုပျက်စေတဲ့အထိ နူးညံ့စွာအင်အားပြင်းလွန်းခဲ့တယ်
( လရိပ်မြှား )
ကျွန်တော့် အပြုအမူတိုင်းက ရင်ထဲကလာတာပါ
ကျွန်တော့် စကားလုံးတိုင်းကို သံသယနဲ့မတိုင်းတာဘဲ
နှလုံးသားနဲ့ ခံစားပေးပါ
အတိတ်ရဲ့ဒဏ်ရာမှန်သမျှ ကျွန်တော့်အချစ်နဲ့ ကုစားခွင့်လေးသာရမယ်ဆို ...
( နေအခါး )
❣️❣️❣️
စံနှုန်းတွေနဲ့ ဇယားချထားတဲ့ ပုံစံက ငါ့အတွက်အချစ်လို့ ကြွေးကြော်ခဲ့ပြီးကာမှ
မာန အတ္တ အငြှိုးတရားတွေရဲ့အဆုံး တစ္ဆေတစ်ကောင်လို ငုတ်တုတ်ထိုင်စောင့်နေတာက နှလုံးသားအလိုတော်အရ အချစ်စစ်တဲ့လား
( လွန်းခရာသွေး )
ရက်စက်နိုင်သလောက် ရက်စက်ပါ
Daddy အမုန်းတွေအောက်မှာ ရှင်သန်ရင်း
Daddy ကို ငေးရင်း ချစ်နေရတာကိုက