သံယောဇဉ်တွေ တနင့်တပိုးနဲ့ တိတ်တခိုး မျှော်လင့်ခဲ့သူပါ ငါ့ရဲ့ မျှော်လင့်ခြင်း ကမ်းပါးကို ရက်စက်မှုတွေနဲ့ တိုက်စားရက်တယ်နော် တကယ်ဆို နင်ဟာ ငါ့ကမ္ဘ္ဘာတစ်ခုပါ ယုံကြည်မှုတွေနဲ့ တည်ဆောက်ခဲ့တဲ့ ငါ့ရဲ့ကမ္ဘာလေးကို မင်းရဲ့ သတင်းစကားတစ်ခုက တစ်စစီ ဖြစ်အောင် ခြေမွလိုက်တယ် အချစ်ဆိုတာ အနေနီးဝေးခြင်းကြောင့် ရောင်ပြောင်းလဲတတ်ကြောင်း မင်းပေးလိုက်တဲ့ သင်ခန်းစာက နောင်တ ကောင်းကောင်းရစေခဲ့တယ် ဆုံဆည်းကြဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့ ဒီတစ်သက် ဘာကိုများ အပြစ်ဖွဲ့ရမလဲ ချစ်ရသူရယ် နှစ်ရှည်လများ သိမ်းဆည်းထားတဲ့ ငါ့ရဲ့အချစ်ကို ပေးအပ်ပိုင်ခွင့် မရှိတော့တဲ့အခါ မင်းအပြုံးနဲ့ ရင်ခွင်ဟာ ငါ့အတွက် မဟုတ်တော့မှန်း အမှန်တကယ် သိလာရတဲ့အခါ ...................All Rights Reserved