သူတို့တွေပြောကြတာက ကျွန်မက အမှားအကြီးကြီးတခုကို မီးခွက်ထွန်းပြီး ရှာခဲ့မိတာတဲ့ ဒါပေမဲ့ ကျွန်မလုပ်မိခဲ့တာက အချစ်စစ်ကို ရှာဖွေနေတဲ့ကောင်မလေးတယောက်ကို အချစ်စစ်ရှာတွေ့အောင်ကူညီပေးခဲ့ရုံပါပဲ အာ ... သူမရဲ့ အချစ်စစ်ရဲ့ ပိုင်ရှင်က ကျွန်မဖြစ်နေလို့များလား ဒါမှမဟုတ် သူဖွင့်ပြောတာကို ကျွန်မ လက်ခံလိုက်မိလို့များလား ဒါပေမဲ့ အသက်ပြည့်ပြီးသား မိန်းကလေးတယောက်အနေနဲ့ ကျွန်မချစ်ရမဲ့သူကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတယ်ပဲလေ ဒါဆို ဘာက မှားနေခဲ့တာလဲ ?