ကောင်းကင် ပြာကြီးထဲတွင် ငှက်တစ်အုပ် လွတ်လပ်စွာပျံသန်းလို့သွားတာကို မျက်စိတစ်ဆုံးငေးကြည့်နေမိသည်။ အခုနေ သူသာ ငှက်ကလေး တစ်ကောင်ဖြစ်လျှင် ကိုကို့ဆီကို ပျံသန်းသွားချင်လိုက်တာ။ မျှော်လင့်ချက်တွေ တလူလူနဲ့ ရှင်သန်နေထိုင်ရတဲ့ဘဝကြီးဟာ သိပ်နေလို့ထိုင်လို့ ကောင်းတာပါပဲ။ လူဆိုတာ မျှော်လင့်ချက် တွေနဲ့ အသက်ရှင်နေကြတဲ့အမျိုးတွေလေ။
3 parts