အတ္တဆိုတာက လူသားတွေအတွက် မကောင်းတဲ့စိတ်စွဲလမ်းမှုတစ်ခုပဲလို့ ommaပြောဖူးတယ်...... တတ်နိုင်သမျှ အတ္တမထားရဘူးလို့လည်း ommaကအမြဲပြောလေ့ရှိတယ်..... ကလေးဘဝငယ်ရွယ်စဉ်မှာ ခေါင်းညိမ့်နားထောင်မိပေမယ့် ရင်ခုန်တတ်တဲ့အရွယ် အချစ်ကိုရှာဖွေမိတဲ့ အရွယ်မှာတော့ ကျွန်မအတ္တလေးတစ်ခုထားခဲ့မိတယ်...... ကျွန်မအတ္တကတော့ ရယူလိုခြင်းဆိုတာထက် ရယူပေးရမယ်ဆိုတဲ့ အတ္တလေးတစ်ခုပါ....... ကိုယ်တိုင်ရယူနိုင်ရဲ့သားနဲ့ ရယူပေးချင်တဲ့ ကျွန်မရဲ့အတ္တ..... ပိုင်ဆိုင်ခြင်းဆိုတဲ့ အတ္တထက် စွန့်လွှတ်ပေးဆပ်ရမယ်ဆိုတဲ့ အတ္တကပိုကြီးစိုးခဲ့တယ်...... ကျွန်မချစ်ရတဲ့သူတွေအတွက် ထားခဲ့မိတဲ့ ပထမဦးဆုံး အတ္တလေး...... ကျွန်မရဲ့ အတ္တက စွန့်လွှတ်ပေးဆပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က "အဖြူရောင် အတ္တ" လေးတစ်ခု.... ကျွန်မချစ်ရတဲ့ လူသားနှစ်ယောက်အတွက်ရင်နှင့်ရင်း၍ ကိုယ်တိုင် ဖန်တီးထားတဲ့ အတ္တ..... ကျွန်မရဲ