မိုးဖြူမစဲ မိုးမဲ မရွာ ...တဲ့။ ကောင်းကင်မှာ တိမ်မဲတွေ မြင်စဉ်က အငြိုးနဲ့မိုး ရွာလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့ဖူးတယ်။ တကယ်တမ်း ရွာမယ်ဟန်ပြင်ပြီး ခြိမ်းသံညံနေတဲ့ မိုးက မရွာပဲ မိုးတိမ်ဖြူတွေကပဲ မစဲ စွေရွာလွန်းတယ် လို့ သိရတဲ့အခါ ကျွန်မကမ္ဘာ တခဏ မှောင်ရိပ်ကျသွားခဲ့တယ်။