တယောက်ကို တယောက် ထာဝရ ဆုပ်ကိုင်ထားလို့မရတဲ့ ဘဝမှာ ကိုယ်တို့ ဘယ်တုန်းကမှ မနီးခဲ့ကြပါဘူးကွယ်။ အဲ့သည့်စကားလေးကို ရေရွတ်... ခပ်ဝေးဝေးက မင်းမျက်နှာလေးကို ငေးရင်း ဝင်သက် ထွက်သက်ကို ရှုမှတ်ပြစ်နေရတယ်။ မလွမ်းဘူးဆိုတဲ့ စိတ်နဲ့ မင်းအလင်းတန်းတွေရှိရာ မျက်နှာမူလို့ ဖယောင်တိုင်မီးကို မှုတ်ငြိမ်းပြစ်လိုက်တယ်။ မှောင်မိုက်တဲ့ ဘဝမှာ ကိုယ် နေသားကျပါတယ်။
1 part