တန်ခူးလရာသီ သင်္ကြန်ပွဲတော်နီးလာ ပြီမို့ အယ်ဒီတာက ယနေ့ခေတ် သင်္ကြန်ပွဲတော်နဲ့ အတိတ်ခေတ်ရဲ့ သင်္ကြန်ပွဲတော် ယဉ်ကျေးမှုချင်း ကွာခြာပုံ ကို ဖော်ပြသော ဆောင်းပါး တစ်ပုဒ်ရေးသားရန် အကူအညီ တောင်းလို့ စာရေးဆရာမ စိမ်းပိတောက်ရွှေရည် တစ်ယောက် သူမ ဖွားဖွား ထံမှ အကြံဉာဏ် ရယူရန် ဆုံးဖြတ်လိုက်သည်။ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်ပြီး ချစ်စရာကောင်းတဲ့ သင်္ကြန် ဓလေ့ လေးတွေကို ရေးသားဖော်ပြ နိုင်ဖို့ သူမ မမှီလိုက်သောခေတ်ရဲ့ ပုံရိပ်ကို မှတ်တမ်းတင်နိုင်ရန် သူမ ဖွားဖွား ထံမှ အကူအညီ ယူရမည် သာ။ ထို့ကြောင့် သူမ ရွာသို့ ပြန်ခဲ့တော့သည်။Public Domain
1 part