ပိတောက်တွေ ပွင့်တဲ့ သင်္ကြန်မှာ ကိုး သူ့ကို စတွေ့ခဲ့ရတယ်။ တစ်နှစ်မှာ တစ်ခါသာ ပွင့်တဲ့ ပန်းပိတောက်တွေလို ကိုး သူ့ကို မြတ်နိုးခဲ့မိတယ်။ သူနဲ့ တွေ့ဆုံခွင့်ရတဲ့ အချိန်လေးဟာလည်း ပိတောက်ပန်းတွေလို ကိုး အတွက် တန်ဖိုးရှိတယ်။ ဒါ့ကြောင့် သူဟာ ကိုးအတွက်တော့ ပိတောက်ပွင့်ချိန်။