" မိန်းမတစ်ယောက်ရဲ့ ဘ၀ကို ပျက်စီးအောင် နောက်ကွယ်ကနေ ကောက်ကျစ်ယုတ်မာတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရွံတာ..ရွံတယ်..နင်နဲ့ လည်း တူတူ မနေနိုင်ဘူး..ငါ့ဘ၀နဲ့ငါ ဘာဖြစ်ဖြစ် လမ်းမမှာ နေပစ်လိုက်မယ်..." ::::::::::::::::::::::::::::::::::::::::::::: "ဟား..ဟား...ခင်ဗျားကို ဒီအိမ်ထဲရောက်လာအောင် လုပ်နိုင်တဲ့ ကျူပ်က ခင်ဗျားကို အိမ်ကလွယ်လွယ် ထွက်သွားခွင့်ပေးမယ် ထင်နေလား..ဘ၀ကူးသွားလိမ့်မယ်...ကျူပ်ပိုင်တဲ့ ခင်ဗျား...ကျူပ်ဆီက ခြေတစ်လှမ်းတောင် ထွက်သွားလို့ မရဘူး.....ဒါထက်.ခင်ဗျားရဲ့ ပျောက်ဆုံးနေတဲ့ မာနတွေကို ပြန်တွေ့ရတာ ၀မ်းသာပါတယ်..ရှေ့ဆက် နေ့ရက်တွေကို တူတူဖြတ်သန်းရင်း အဲဒီ မာနတွေကို ရိုက်ချိုးဖို့ ကျူပ်တာဝန်သာထားပါ..." ::::::::::::::::::::::::::::::::::::::::::::: မောင်..... နူးညံ့ လှပတဲ့ စကားလုံး တစ်ခု နှုတ်ဖျားက ထွက်ရတိုင်း မယ့် နှလုံးသား ထဲ အထိ ခါးသီး လွန်းလှပါသည်..။