စာလုံးတွေနဲ့ နင့်ကိုဖန်းဆင်းမယ် ပြီးတော့ လောကကြီးထဲ အသုံးတော်ခံမယ် မျက်ဝန်းကနေ နင့်ကို သိမြင်လာပြီး နှလုံးသားကခံစားကြလိမ့်မယ် အဲ့မျက်ဝန်းတွေထဲက မျက်ဝန်းတစ်စုံပိုင်ရှင်က မင်းကိုယ်တိုင် ဖြစ်ကောင်းဖြစ်မယ်လို့ ငါ ယုံကြည်စွာနဲ့ စာတွေရေးမယ်... နင့်လက်ထဲက စက္ကူရုပ်လေးက ကိုယ့်တွက် တစ်ကမ္ဘာနဲ့ ညီမျှတယ် သံသရာစက်ဝန်းထဲက သင်္ကေတတွေ အပြိုင်တည်ရှိမှုတွေနဲ့ မတူညီတဲ့အနေအထားကနေ တူညီတဲ့မဆုံနိုင်ခြင်းတွေထိ နင်နဲ့ငါ့ကြားက အရာရာတိုင်းဟာ ငါ့အတွက်တော့ စကြဝဠာ တိုက်တစ်သောင်းပေါ့ကွယ်All Rights Reserved