ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)
41 parts Complete 💜 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💜
အချစ်ဆိုတာမျိုးက ထူးဆန်းပါတယ်။ ဘယ်လိုပဲ အခြေအနေတွေကွာဝေးကွာဝေး ဘယ်လောက်ပဲ ရေမြေတွေခြားခြား တွေ့ဆုံနိုင်တာမျိုးက အချစ်ပါပဲ။
အမှတ်မထင် ဆုံတွေ့ခြင်းကစပြီး မေ့ပျောက်လို့မရနိုင်ခဲ့တဲ့ စံပယ်တင်မှည့်နက်ပိုင်ရှင်လေးကို ချစ်မိခဲ့လိမ့်မယ်လို့ သူ မထင်မှတ်ခဲ့ပါ။ သို့သော်လည်း သူ ချစ်ခဲ့မိလေပြီ။ ချစ်ခဲ့မိတာမှ ရင်ထဲကနေ နက်နက်ရှိုင်းရှိုင်းနဲ့ စော်ဘွားငယ်ဆိုတဲ့ ဂုဏ်ဒြပ်ကို စွန့်လွှတ်နိုင်လောက်တဲ့အထိ ချစ်မိခဲ့တာပဲဖြစ်သည်။ ခမည်းတော်ရဲ့အမိန့်ကိုဆန့်ကျင် ဘိုးတော်ဘွားတော်တွေပြောပြောနေတဲ့ ရှေးထုံးတွေကိုပယ်ခဲ့မိတဲ့အထိ သူ သာမညမိန်းကလေးတစ်ယောက်ကို မစွန့်လွှတ်နိုင်လောက်အောင် ချစ်မိခဲ့လေတော့သည်။
💜 စဝ်မုန်းသဝဏ်
ငယ်သူငယ်ချင်းတွေမဟုတ်ပေမယ့် ခင်မင်ခဲ့တဲ့နှစ်တွေက သူမအပေါ်ထားတဲ့ သူ့သံယေ