Mayking7 အကောင့်မှာ ရေးခဲ့တဲ့ဇာတ်လမ်းလေးကို အခု အကောင့်သစ်မှာ ဆက်ရေးမှာဖြစ်ပါတယ်။ လူအကြောင်း ပေါင်းမှသိ ဆိုတဲ့ စကား ဘယ်လောက်မှန်တယ်ဆိုတာကို ဒီဇာတ်လမ်းက ဖော်ပြသွားမှာပါ။ အရင်က ကိုယ့်စိတ်ထင်နဲ့ တဖက်သတ် သတ်မှတ်လိုက်တာက ဘယ်လောက်တောင် လွဲမှားခဲ့တယ်။ ကိုယ်ချစ်တဲ့သူကို ဘယ်လောက်တောင် နာကျင်စေတယ်ဆိုတာ မီးမောင်းထိုးပြနိုင်မယ်ဆိုရင် ရေးရကြိုးနပ်ပါပြီ။ လူတိုင်းကိုယ်ချစ်တဲ့သူကို စိတ်ချမ်းသာစေချင်ကြတယ်။ သူ့အကြောင်းကို နားမလည်ဘူးဆိုရင် ကိုယ်လုပ်သမျှက သူ့ကို စိတ်ဆင်းရဲစေလိမ့်မယ်။ ဒါကြောင့် ကျွန်တော်ချစ်တဲ့ ကလေးလေးကို နားလည်သည်ထက် နားလည်အောင်ကြိုးစားချင်တယ်။ ကျွန်တော်က သူ့ကိုချစ်တဲ့စိတ်နဲ့ အသက်ရှင်နေတဲ့သူပါ။
10 parts