Park Jimin - ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အလုပ်လုပ်ချင်လွန်းတဲ့ စိတ်ဓာတ်ခံရှိပေမယ့် မိဘတွေက ခွင့်မပြုဖူး ချမ်းသာပါသော်လည်း ဆင်းရဲတဲ့ သူတွေကို စာနာ နားလည်တတ်တယ် မိဘက ရွှေပေါ်မြတင် ထားပေမယ့် ကြာကြာမနေနိုင်တဲ့ စရိုက်နဲ့ ဂျစ်ကန်ကန်နိုင်တယ်... Kim TaeHyung - သူကတော့ ခေါင်းထဲမှာ စာနဲ့ ကစားဖို့ပဲ အချိန်တိုင်းရှိတယ်...ပုံစံကို ကြည့်ရင် ခက်ထန်ရင့်ကျင့်မယ့် အသွင်ရှိပေမယ့် တကယ်တမ်းတော့ ကလေးတစ်ယောက်လို ဘာမှမသိ နားမလည် အူကြောင်ကြောင် ကောင်လေးမျိုး Jeon JungKook - သူကတော့ ကျောင်းစာလဲ စိတ်မဝင်စားဖူး လူတွေကိုလဲ စိတ်မဝင်စားဖူး...သူစိတ်ဝင်စားတာက သူ တစ်ယောက်ထဲ နေနိုင်ဖို့ပဲ အဲ့လို နေချင်ပေမယ့် သူငယ်ချင်း ၂ယောက်ကိုလဲ ခင်တွယ်လွန်းတာကြောင့် သူငယ်ချင်းတွေနဲ့ ရှိတဲ့ အချိန်ကလွဲရင် အမြဲ မျက်နှာက တည်တံ့နေလွန်းလို့ စက်ရုပ်လို့တောင် ခေါ်ဝေါ်ကြတယ်