"ငါမင်းကိုချစ်တယ် ဒါပေမယ့် တစ်ရက်ရက်မှာတော့ သူ့ကိုတော့ ယူရမှာ" ဆိုတဲ့ စကားမျိုး သဘောအဓိပ္ပါယ်မျိုးဟာ နားလည်ရ ခက်ခဲပေမယ့် ကျွန်တော် လက်ခံနိုင်ပါတယ် အစ်ကို။ အစ်ကိုဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ရမှာပေါ့။ သားသမီးမြေးမြစ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် အိုမင်းသွားရမှာပေါ့။ ချစ်ခြင်းမေတ္တာက ပေါင်းစပ်ခွင့်ရမှဆိုရင် ဘယ်တော့မှ ပိုင်ဆိုင်ခွင့် မရရှိမယ့် လိင်အင်္ဂါတူ အမျိုးသားတစ်ယောက်ရဲ့ အဝေးကပဲ ငေးကြည့်ပျော်ရွှင်နေနိုင်တဲ့ ချစ်ခြင်းမေတ္တာကို လူတွေ ရယ်ပွဲဖွဲ့ကြလိမ့်မယ်ထင်ပါတယ်။