ရှေ့နေမလေး သစ္စာစစ်မှန် ဟာ အမျိုးသမီးများအကြမ်းဖက်မှု မှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စများကို စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနေတဲ့ ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ တရား လွှတ်တော် ရှေ့နေဖြစ်ပါတယ်။ တစ်နေ့မှာ မတရားသဖြင့် တရားစွဲဆို ခံထားရသော အမျိုးသမီးလေးသုံးယောက်ကို အမှုမှ လွှတ်မြောက်အောင် ကူညီဆောင်ရွက်ပေးဖြစ်ခဲ့ပါတယ်။ အမျိုးသမီးတွေကို ဖိနှိမ့်ဆတ်ဆံကာ အထင်သေးစွာ ပြုမှုတတ်သည့် တရာလိုရှေ့နေ ဦးဉာဏ်လင်းအောင် နှင့် ထိပ်တိုက် တရားရင်ဆိုင်တွေ့ရတဲ့အခါ ရှေးရိုးအစဉ်အလာ တွေ ကြားထဲမှာ အမျိုးသမီးတွေကို ပိတ်လှောင်ကာ ခွဲခြား ဆတ်ဆံတတ်တဲ့ လူ့ အသိုင်းအဝိုင်းကြားကနေ အမျိုးသမီးတွေဖက်က ဘယ်လိုရပ်တည်သွားမလဲဆိုတာကို ရေးသားဖော်ပြပေးထားပါသည်။