ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ (IQ Team ကစာစဥ်တစ်ခုပါ) (Completed)
113 Bagian Sedang dalam proses How to say I love you
Description
လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစွမ်းနိုင်ပေသည်။ သို့သော် အချို့မှာမူ စတင်တွေ့ဆုံစဉ်က သဘောကျမိသည့်တိုင် သိလေလေ ပိုပြီး နားလည်ရခက်သည်ဟု ခံစားမိလာလေပင်ဖြစ်သည်။
ရုပ်ရှင်ဧကရာဇ် ကျိမြန်၏ အမြင်တွင် သခင်ငယ်လေး ရှောင်ကျားရှုသည် အထက်စီးဆန်ကာ အဆိပ်ပြင်းသည့်ပါးစပ် ပိုင်ဆိုင်ထားသည့်အပြင် အခြားသူတို့၏ ဘဝကို မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးရန် မိမိ၏ တောင့်တင်းလှသောနောက်ခံကို အပြည့်အဝ အသုံးချထားတတ်သည့် အလိုလိုက်ခံထားရသော လူချမ်းသာ သခင်လေးပင်ဖြစ်သည်။ သို့သော် သူ့တွင် တစ်ပါးသူတို့၏ စိတ်ကို ဖတ်နိုင်သည့်အစွမ်း ရလာချိန်တွင်တော့ ရှောင်ကျားရှုမှာ တစ်ကမ္ဘာလုံးရှိ နှစ်လိုဖွယ်အကောင်းဆုံး လူသားလေးတစ်ဦး ဖြစ်ကြောင်း သဘောပေါက်သွ