၂၁ ရာစုခေတ်မှာ သူမဟာ လူ့ခန္ဓာကိုယ် ရုပ်ကြွင်းက အချက်အလက်တွေပေါ်မူတည်ပြီး ရှေးဟောင်းယဉ်ကျေးမှုကို ဖော်ထုတ်လေ့လာတဲ့နယ်ပယ်မှာ ပြိုင်ဖက်ကင်း၊ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တယ်လို့ သတ်မှတ်ခံထားရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ ခုတော့ အာဟာရချို့တဲ့ပြီး သေမယ့်ရက်ကိုသာ စောင့်ဆိုင်းနေတဲ့ Jinjiang မြို့က ဂျီ မိသားစု တတိယမြောက်သခင်မလေး အဖြစ် ကူးပြောင်း ရောက်ရှိသွားခဲ့တယ်။ သူမဟာ သူမအဖေရဲ့ သဘောကျချစ်မြတ်နှိုးမှုကို မခံရသူဖြစ်တဲ့အပြင် အခြားသူတွေကလဲ သူမကို ရှိတယ်လို့တောင် မသတ်မှတ်ကြဘူး။ အဲ့တော့ ငတ်ပြီးမသေဖို့နဲ့ ပိုက်ဆံရှာဖို့ရာ သူမဟာ အရင်က အရည်အချင်းကို အသုံးချပြီး ရုပ်အလောင်းတွေကနေတစ်ဆင့် အမှုတွေကို ဖော်ထုတ်ပေးတဲ့သူ ဖြစ်လာခဲ့တယ်။
2 parts