အနားမှာနေရမှ ကိုယ်မင်းကိုချစ်ခဲ့တာ မဟုတ်ဘူး
ဘယ်လိုအရာမျိုးနဲ့မှလည်း မင်းကိုဖက်မတွယ်ထားချင်ဘူး
မင်းရဲ့ဖြစ်တည်မှုဟာ ကိုယ့်ရဲ့ပျော်ရွှင်ခြင်းဘဲ
မင်းမရှိတဲ့ဘဝမှာရှင်သန်နိုင်လားမေးရင်
ကိုယ်ရှင်သန်နိုင်တယ်
အပျော်တွေကတော့ဆိတ်သုဉ်းသွားမှာပေါ့
ချစ်မိခြင်းကအပြစ်မဟုတ်ဘူးလို့ ကိုယ်ယုံတယ် တိမ်
အရာရာနေသားကျသွားမှာလို့ အချိန်တစ်ခုပေါ်မှာကိုယ်တွေပုံချလိုက်တယ် ရင်ခုန်သံတွေချုပ်ငြိမ်းသွားတာမဟုတ်ဘူး
အရွယ်ရဲ့ရင့်ကျက်ခြင်းက ထိန်းပေးသွားတာ
မ!င်းနဲ့ပတ်သက်ရင် ကိုယ့်အတွက်အရာအားလုံးဟာအေးဆေးဘဲ
အစထဲက ပိုင်ဆိုင်ဖို့မှ ကိုယ်မကြိုးစားခဲ့ဘဲ
ပူလောင်မှုကင်းခဲ့တာပေါ့
အမြဲတမ်း အလိုနည်းခဲ့တဲ့ကိုယ့်ကို ဒီတစ်ခါ ကျေးဇူးတင်ဆုံးဘဲ
လူတစ်ယောက်ကို မြတ်မြတ်နိုးနိုးချစ်ဖို့ကိုယ် ဘာတွေပိုင်ဆိုင်ထားရမလဲ ပြီးဘာတွေကိုစွန့်လွှတ်ထားရမလAll Rights Reserved