ကျနော်တွေ့ခဲ့တယ်ဆိုတာ တကယ်သေချာတယ်။ ကောင်မလေးတစ်ယောက် ဒေါ်နွယ်နီတို့အိမ်ပြတင်းပေါက်ကနေ အပြင်ကိုငေးကြည့်နေခဲ့တယ်။ အသက် ၁၈ ၁၉ ဝန်းကျင်လောက်ပဲ။ ကျနော်နဲ့ အကြည့်ချင်းဆုံတဲ့အချိန်မှာ တုန်လှုပ်ခြောက်ခြားပြီး ပြတင်းပေါက်ရှေ့ကနေ လှစ်ခနဲ ပြန်ဝင်သွားတယ်။ ဒေါ်နွယ်နီတို့ ပြောပုံအရဆိုရင် အဲ့ဒီအိမ်ကြီးမှာ သူတို့လင်မယားနှစ်ယောက်တည်းနေတာပါ။ သရဲ တစ္ဆေမယုံကြည်တဲ့ ကျနော့်အတွက်တော့ ကျနော်မြင်ခဲ့ရတာ လူစစ်စစ်ဆိုတာ တပ်အပ်ပြောနိုင်ပါတယ်။