ကောင်းကင်ဘုံမှ တိမ်ဝိညာဉ်ရှောင်ရှန်းဇီနှင့် ချူ ခုန်းတို့ ခိုက်ရန်ဖြစ်ပွားရင်း ဖူးစာကြမ္မာပိုးကြိုးနီတို့ကို ရှုပ်ထွေးသွားစေခဲ့မိသည်။ ထို့ကြောင့် အပြစ်ဒဏ်အနေနှင့်၊ ရန်ဖြစ်ရကောင်းလားဟုဆိုကာ နှစ်ယောက်သားကို လူ့ပြည်မှာ ၇ ဘဝစာ ဖူးစာဖက်အဖြစ်ဝင်စားရန်စေလွှတ်ခံရ၏။ သို့သော် ရှန်းဇီတစ်ယောက် သူမ၏ မှတ်ဉာဏ်များကို မဖျက်ဘဲ ပြန်ဝင်စားပြီး မှတ်ဉာဏ်မရှိတော့သော ချူခုန်းအပေါ် အခွင့်သာစီးရရန်ကြိုးပမ်းလေတော့သည်။