နင်...ဘယ်သူလဲငါမသိဘူး နင်...ဘယ်ကလဲငါမသိဘူး နင်...ဘယ်လိုပုံစံရှိလဲ ငါမသိဘူး နင်အကြောင်း တစ်ခုမှ ငါမသိရပဲနဲ့ နင်ကတော့ ငါအကြောင်း ငါရဲ့စိတ် အကုန်သိပြီမှ ငါရင်ကို လူပ်ခတ် စေပြီမှ ဘာကြောင့် အေးစက်သွားတာလဲ.......... နင်ကတော့ အေးစက်သွားပြီးငါ့မှာတော့ နာကျင်ခဲ့ရတယ် ဒါပေမယ့် နင်နဲ့ ငါက ချစ်သူမဟုတ်ပါဘူး . .နင်နဲ့ စတွေ့ တဲ့ချိန်လေး ငါ့အတွက် ပျော်ရွှင်မှုတွေ အံ့သြမှုတွေရှိလာခဲ့တယ် ငါရဲ့ ပျော်ရွှင်မူက ခဏပဲဆိုတာ ငါကိုယ်တိုင်ကြိုသိနေပါတယ်အခုတော့ ထင်တဲ့အတိုင်း ဖြစ်လာခဲ့တယ် ငါလေ အရမ်းဝမ်းနည်းမိတယ် နင်ရဲ့ဥပေက္ခာပြုမှုတွေကို ငါမလိုလာဘူး.အရင်လိုပဲ နွေးထွေးမှုတွေနဲ့  ပြန်နေချင်မိတယ် နင့်ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် ငါ့စိတ်ထဲရင်းနှီးနေတယ်လို့ ခံစားရတယ် ကျေးဇူးပြု၍ ငါ့ကို ပစ်မထားပါနဲ့ လား . .